ဘာစီလိုနာမြို့တွင် နေအိမ်ရှာနေသည့် ဂရစ်ဇ်မန်းကို အက်သလက်တီကိုအသင်းခေါင်းဆောင် ဂါဘီ သတိပေး

ဘာစီလိုနာမြို့တွင် နေအိမ်ရှာနေသည့် ဂရစ်ဇ်မန်းကို အက်သလက်တီကိုအသင်းခေါင်းဆောင် ဂါဘီ သတိပေး
Published 13 March 2018

Photo: Daily Mail

အက်သလက်တီကိုအသင်းမှ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းသည် ၎င်း၏ဇနီးဖြစ်သူနှင့်အတူ ဘာစီလိုနာမြို့တွင် နေအိမ်ရှာဖွေနေကြောင်း သတင်းများထွက်ပေါ်လာပြီးနောက် အက်သလက်တီကိုအသင်းခေါင်းဆောင် ဂါဘီက သတိပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ဂရစ်ဇ်မန်း(၂၆ နှစ်)သည် လာမည့်နွေရာသီတွင် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ရန် နီးစပ်နေသူဖြစ်ပြီး ဘာစီလိုနာအသင်းက ၎င်း၏စာချုပ်လျော်ကြေးအတိုင်း ပေးချေသွားလိမ့်မည်ဟု ခန့်မှန်းနေကြသည်။

Photo: Getty Images

ယင်းအခြေအနေတွင် ဂရစ်ဇ်မန်းသည် ဇနီးဖြစ်သူနှင့်အတူ ဘာစီလိုနာမြို့ရှိ မက်ဆီ၊ ဆွာရက်ဇ်၊ ကော်တင်ဟိုတို့ နေထိုင်ရာအရပ်သို့ သွားရောက်လည်ပတ်ခဲ့သည့်အတွက် နေအိမ်ရှာဖွေခြင်းဖြစ်ကြောင်း မက်ဒရစ်အခြေစိုက် Marca သတင်းစာက ဖော်ပြခဲ့သည်။

ထို့ကြောင့် ဂါဘီက "အသင်းမှာရှိနေတဲ့ကစားသမားတိုင်း အသင်းကို ဖက်တွယ်ချင်စိတ်ရှိမှာမဟုတ်ဘူးဆိုတာ ကျွန်တော် နားလည်ပါတယ်။ သူတို့ရဲ့နှလုံးသားတွေ ပြောင်းလဲနိုင်သလို၊ အသင်းလည်း ပြောင်းလဲနိုင်ပါတယ်။ ဒီအတွက် သစ္စာမဲ့သူလို့လည်း ပြောဖို့မလိုပါဘူး။ ဒါပေမဲ့ ဂရစ်ဇ်မန်းက အားလုံးအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ။ သူ့ကို ဒီအသင်းမှာ ကြာနိုင်သမျှကြာကြာ ဆက်ရှိဖို့ အားလုံးက လိုလားကြပါတယ်။ ဒါကြောင့် ဂရစ်ဇ်မန်းအနေနဲ့ အသင်းမှာ ရှိနေစဉ်အတွင်းမှာတော့ အသင်းရဲ့ဝတ်စုံကို လေးစားဖို့၊ တန်ဖိုးထားဖို့ လိုအပ်ပါလိမ့်မယ်" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent