<

အာဆင်နယ်အသင်းကို တစ်နေ့နေ့တွင် ကိုင်တွယ်လိုသော်လည်း အာစင်ဝင်းဂါးထံမှ လွှဲပြောင်းရယူလိုခြင်းမရှိဟု ဗီယာရာ ဆို

Photo: Ian Hodgson

အာဆင်နယ်ကစားသမားဟောင်း ဗီယာရာက အာဆင်နယ်နည်းပြရာထူးကို စိတ်ဝင်စားပြီး ကိုင်တွယ်သွားလိုသော်လည်း လက်ရှိနည်းပြ အာစင်ဝင်းဂါးထံမှ လွှဲပြောင်းရယူလိုခြင်းမရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် ယခုရာသီတွင် ရုန်းကန်နေရပြီး ထိပ်ဆုံး(၄)သင်းစာရင်းဝင်ရန် မျှော်လင့်ချက်ပင် မရှိသလောက်ဖြစ်နေသည်။

ထို့ကြောင့် အာစင်ဝင်းဂါးကို ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုမှုများရှိနေသလို၊ နည်းပြသစ်ဖြစ်လာနိုင်သူများအဖြစ် မှန်းဆခံနေရသူများထဲတွင် အသင်း၏ဂန္ထ၀င်ဖြစ်ခဲ့သည့် ကစားသမားဟောင်းများလည်း ပါဝင်နေသည့်အတွက် ဗီယာရာက ယခုကဲ့သို့ ဖြေရှင်းခဲ့ခြင်းလည်းဖြစ်သည်။

Photo: Reuters

ဗီယာရာက “ဒီရာထူးကို စိတ်ဝင်စားလားလို့မေးရင် တစ်ေန့နေ့ဖြစ်လာနိုင်တယ်လို့ပဲ ဖြေရမှာပါ။ ဒီထက်တော့ ပြောစရာမရှိပါဘူး။ အာစင်ဝင်းဂါးလို ကျွန်တော် အလွန်လေးစားတဲ့သူဆီက ဒီရာထူးကို လွှဲပြောင်းရယူလိုစိတ်တော့ လုံးဝမရှိပါဘူး” ဟု ပြောကြားခဲ့သည်။

ဗီယာရာသည် အာဆင်နယ်အသင်းတွင် ၁၉၉၆ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ ကစားခဲ့သူဖြစ်ပြီး အာစင်ဝင်းဂါးနှင့်အတူ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူဖြစ်သည်။

ဗီယာရာသည် နည်းပြလောကသို့ မန်စီးတီးအရန်အသင်းကို ကိုင်တွယ်ကာ ၀င်ရောက်ခဲ့ပြီး လက်ရှိအချိန်၌ မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးအသင်းကို ကိုင်တွယ်နေသူဖြစ်သည်။

March 12, 2018














Copy Protected by Chetan's WP-Copyprotect.