ဝက်ဖို့ဒ်ကွင်းလယ်လူ ဒူကူဟေ အသင်းတွင်ဆက်ရှိရန် နည်းပြဖြစ်သူ အာမမခံ

ဝက်ဖို့ဒ်ကွင်းလယ်လူ ဒူကူဟေ အသင်းတွင်ဆက်ရှိရန် နည်းပြဖြစ်သူ အာမမခံ
Published 12 March 2018

ဝက်ဖို့ဒ်နည်းပြ ဟာဗီဂရာစီယာက ယခုရာသီကုန်တွင် အသင်းကွင်းလယ်လူ ဒူကူဟေ အသင်း၌ဆက်ရှိ၊ မရှိကို သေချာမသိကြောင်း ပြောကြားခဲ့သည်။

ဝက်ဖို့ဒ်အသင်းသည် သူ့အား အသင်းတွင်ဆက်လက်ထိန်းသိမ်းထားရန် စိတ်အားထက်သန်နေပြီး စာချုပ်သစ်ချုပ်ဆိုရန် စတင်ဆွေးနွေးနေပြီဖြစ်သည်။

မန်ယူ၊ အာဆင်နယ်နှင့် စပါးစသည့် ထိပ်သီးအသင်းများကလည်း ဒူကူဟေကို ခေါ်ယူရန်စိတ်ဝင်စားနေကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ဒူကူဟေသည် ယခုရာသီတွင် အသင်းအတွက် ပွဲပေါင်း(၃၀)ကစားပြီး (၇)ဂိုးသွင်းယူထားသည်။

Most Read

Most Recent