ပရီးမီးယားလိဂ်တွင် ပေးဂိုးမရှိပွဲ(၂၀၀)ပြည့်သည့် ဂိုးသမားအဖြစ် ပီတာချက် မှတ်တမ်းဝင်

ပရီးမီးယားလိဂ်တွင် ပေးဂိုးမရှိပွဲ(၂၀၀)ပြည့်သည့် ဂိုးသမားအဖြစ် ပီတာချက် မှတ်တမ်းဝင်
Published 12 March 2018

အာဆင်နယ်အသင်း၏ ချက်ဂိုးသမား ပီတာချက်သည် ပရီးမီးယားလိဂ်တွင် ပေးဂိုး မရှိ(Clean Sheet) ပွဲ(၂၀၀)ပြည့်သည့် ပထမဆုံး ဂိုးသမားအဖြစ် မှတ်တမ်းဝင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ ကကစားခဲ့သော အာဆင်နယ်(၃-ဝ)၀က်ဖို့ဒ် ပွဲတွင် ပီတာချက်(၃၅ နှစ်)သည် ပွဲချိန်(၆၂) မိနစ်၌ ပယ်နယ်တီ တစ်ဂိုး ကာကွယ်နိုင်ခဲ့ပြီး တစ်ပွဲလုံး ဂိုးမပေးရအောင် စွမ်းဆောင်ကာ ယင်းမှတ်တမ်း ရရှိခဲ့ခြင်းဖြစ်သည်။

ပီတာချက်သည် Clean Sheet (၁၉၉) ပွဲမြောက်ပွဲကို ၂၀၁၇၊ ဒီဇင်ဘာလ (၁၆)ရက်နေ့က ကစားခဲ့သော အာဆင်နယ်(၁-ဝ) နယူးကာဆယ်ပွဲတွင်ရရှိခဲ့ပြီး ယင်းပွဲနောက်ပိုင်း သူ၏ အာဆင်နယ်အသင်းမှာ ပရီးမီးယားလိဂ် (၁၁)ပွဲဆက် ဂိုးပေးခဲ့ရသည်။ သို့ဖြစ်ရာ သူ့ အနေဖြင့် Clean Sheet (၂၀၀)ပွဲမြောက်ရ ရှိရန် အချိန်ကာလအားဖြင့် (၃)လနီးပါး စောင့်ဆိုင်းခဲ့ရပြီးမှ ယင်းမှတ်တမ်းကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။

 

Most Read

Most Recent