ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 10 March 2018

မန်ယူ နှင့် လီဗာပူးလ်   (၁၀-၃-၂၀၁၈) စနေ ညနေ ရး၀၀ နာရီ

လီဗာပူးလ်ရဲ့ Consistency ကို သတိပြုရမယ်။ မန်ယူက ဒီရာသီမှာ အိမ်ကွင်းမှတ်တမ်းကောင်းကို ပိုင်ဆိုင်ထားတယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ခရစ္စတယ်ပဲလေ့စ်ကို နောက်ကျဂိုးနဲ့အနိုင်ရခဲ့တာကြောင့် အဝေးကွင်း (၃)ပွဲဆက်ရှုံးမယ့် အခြေအနေဆိုးကို ကျော်ဖြတ်နိုင်ခဲ့တာကိုတွေ့ရတယ်။ အိမ်ကွင်းကောင်းတယ်၊ အဝေးကွင်းညံ့တယ်။ ဒီပွဲကို အိမ်ကွင်းမှာ ကစားရမယ်ဆိုတာကြောင့် ရလဒ်ကောင်းကိုမျှော်လင့်နိုင်ပေမယ့် တည်ငြိမ်မှုမရှိတာကိုလည်း သတိပြုရမယ်။ ပဲလေ့စ်နဲ့ပဲွဲမှာ မန်ယူက (၂)ဂိုးရှုံးအနေအထားကနေ ပြန်လာနိုင်ခဲ့တာတွေ့ရပြီး ချီးကျူးစရာလို့ပြောရမယ်။ ဒါပေမဲ့ အမှားတွေကြောင့် (၂)ဂိုးပေးခဲ့ရတာကိုလည်း မမေ့သင့်ဘူး။ လီဗာပူးလ်က အလွန်အားကောင်းတဲ့ တိုက်စစ်ကို ပိုင်ဆိုင်ထားပြီး မာနေ-ဖေမီနို-ဆာလာတို့  တိုက်စစ်အတွဲက ပရီးမီးယားလိဂ်ဂိုး (၄၅)ဂိုးအထိ သွင်းယူထားတယ်။ မန်ယူတိုက်စစ်ပိုင်းမှာ လူကာကူ ဂိုးပေါက်ပြန်တွေ့နေပေမယ့် ဆန်းချက်ဇ်ရဲ့ပံ့ပိုးမှုကောင်းကောင်းတွေသိပ်မရသေးသလို၊ အသင်းဖော်တွေနဲ့အတွဲလည်းမမိသေးဘူး။ ဒါ့အပြင် ပဲလေ့စ်နဲ့ပွဲမှာ Lost Possession (၁၉) ကြိမ်ဖြစ်ခဲ့တဲ့ ဆန်းချက်ဇ်အတွက်လည်း ရုန်းကန်ရဦးမယ့်အနေအထားဖြစ်နေတယ်။ အိမ်ကွင်း ဆိုပေမယ့် မန်ယူ နိုင်ဖို့မလွယ်ဘူး။ လီဗာပူးလ်ပဲ ကြိုက်တယ်။

အဲဗာတန် နှင့် ဘရိုက်တန်   (၁၀-၃-၂၀၁၈) စနေ ည ၉း၃၀ နာရီ

အဲဗာတန်က အိမ်ကွင်းမှာ လက်စတာနဲ့ ပဲလေ့စ်တို့လို ကစားရခက်တဲ့ အသင်းနှစ်သင်းကို ဆက်တိုက်အနိုင်ကစားခဲ့တယ်။ အဝေးကွင်းရလဒ်တွေမကောင်းပေမယ့် အိမ်ကွင်းမှာတော့ ရလဒ်တွေကောင်းနေတယ်။ ဘရိုက်တန်ကအဝေးကွင်းရလဒ် အားရစရာမရှိဘူး။ အဲဗာတန်ပဲ ကြိုက်တယ်။

ဟတ်ဒါဖီးလ် နှင့် ဆွမ်ဆီး   (၁၀-၃-၂၀၁၈) စနေ ည ၉း၃၀ နာရီ

နှစ်သင်းစလုံးအမှတ် (၃၀)စီရထားတယ်။ ဟတ်ဒါဖီးလ်က အိမ်ကွင်းနောက်ဆုံးပွဲမှာ ဂိုးပြတ်အနိုင်ရထားပြီး ဆွမ်ဆီးကလည်း ဝက်စ်ဟမ်းကို ဂိုးပြတ်နိုင်ထားတယ်။ ဟတ်ဒါဖီးလ်ရဲ့ အိမ်ကွင်းခြေစွမ်းကကောင်းပေမယ့် ဆွမ်ဆီးက ပိုတည်ငြိမ်နေပါတယ်။ ဆွမ်ဆီးကိုပဲကြိုက်တယ်။

နယူးကာဆယ် နှင့် ဆောက်သမ်တန်  (၁၀-၃-၂၀၁၈) စနေ ည ၉း၃၀ နာရီ

နယူးကာဆယ်က (၂၉)မှတ်၊ ဆောက်သမ်တန်က (၂၈)မှတ်ရထားကြတယ်။ ပဲလေ့စ်က ချယ်လ်ဆီးကွင်းမှာ သွားကစားရမယ့် အချိန်မှာ ဒီပွဲကို နိုင်တဲ့အသင်းက အခြေအနေ အရမ်းကောင်းသွားလိမ့်မယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ နှစ်သင်းစလုံးက အားနည်းချက်တွေရှိလို့ သရေပဲကျဖို့များပါတယ်။

ဝက်စ်ဘရွန်း နှင့် လက်စတာ   (၁၀-၃-၂၀၁၈) စနေ ည ၉း၃၀ နာရီ

အခုအချိန်မှာ ဝက်စ်ဘရွန်းနဲ့ ပတ်သက်ရင် မေးရမယ့် မေးခွန်းက နိုင်ပွဲတွေကို ဘယ်တော့မှပြန်ရမှာလဲ ဆိုတဲ့အပိုင်းပဲဖြစ်တယ်။ ဇယားအောက်ဆုံးမှာ အမှတ်အပြတ်နဲ့ အနည်ထိုင်နေပြီ။ ဒါပေမဲ့  နှစ်ပွဲလောက်ဆက်နိုင်ရင် မျှော်လင့်ချက်တော့ရှိနေသေးတယ်။ လက်စတာကို သရေလောက်တော့ ရသင့်တယ်။

ဝက်စ်ဟမ်း နှင့် ဘန်လေ   (၁၀-၃-၂၀၁၈) စနေ ည ၉း၃၀ နာရီ

ဝက်စ်ဟမ်းရဲ့ လူအင်အားက ဘန်လေထက်ပိုတောင့်တင်းတယ်လို့ ပြောလို့ရပါတယ်။ ဒါပေမဲ့ ဘန်လေက ဝက်စ်ဟမ်းထက် ပို စုဖွဲ့မှုကောင်းတဲ့အသင်းဖြစ်ပြီး မာကျောတယ်။ ခံစစ်ပိုင်းကလည်း စိတ်ချရတယ်။ ဝက်စ်ဟမ်းအိမ်ကွင်းမှာ နိုင်ပွဲရဖို့ ကြိုးစားမှာဖြစ်ပေမယ့် ဘန်လေပဲကြိုက်တယ်။

ချယ်လ်ဆီး နှင့် ခရစ္စတယ်ပဲလေ့စ်   (၁၀-၃-၂၀၁၈) စနေ ည ၁၂း၀၀ နာရီ

ပဲလေ့စ်က စပါး၊ မန်ယူ စတဲ့အသင်းတွေကို နှစ်ပွဲဆက် နောက်ကျဂိုးတွေနဲ့ ရှုံးခဲ့တယ်။ ခြေစွမ်းပိုင်းကတော့ လျှော့တွက်လို့ မရဘူး။ ပုံစံကောင်းရနေတယ်။ ချယ်လ်ဆီးကိုလည်း ပထမအကျော့မှာ အနိုင်ရထားတယ်။ ချယ်လ်ဆီးမှာ ခြေစွမ်းရော၊ အသင်းတွင်းပြဿနာတွေပါရှိနေတယ်။ ဒါပေမဲ့ ကပ်နိုင်ဦးမှာပါ။

Most Read

Most Recent