မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

မနက်ဖြန်နံနက် ယှဉ်ပြိုင်ကစားမည့် ဥရောပဘောလုံးပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 9 March 2018

ရိုးမားအသင်းနှင့် တိုရီနိုအသင်းတို့ ပထမအကျော့ တွေ့ဆုံခဲ့စဉ်

■ စပိန်လာလီဂါပွဲစဉ်
■ ဟီရိုနာ နှင့် ဒီပို့တီဗို (၁၀-၃-၂၀၁၈ နံနက် ၂း၃၀ နာရီ)
ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်လို့ရနေတဲ့ ဟီရိုနာရဲ့အိမ်ကွင်းအားနဲ့ခြေစွမ်းကို ဒီပို့တီဗို ဘယ်လိုမှတောင့်ခံနိုင်ဖို့မရှိပါဘူး။ အိမ်ကွင်းဆိုရင် တိုက်စစ်အားပိုကောင်းလေ့ရှိပြီး ကစားပုံစနစ်ကျတဲ့ ဟီရိုနာ ဒီပွဲမှာလည်း အမှားလုပ်ဖို့မရှိပါဘူး။ ဒီပို့တီဗို ပိတ်ဆို့ကစားဖို့ရှိနေလို့ ဟီရိုနာနဲ့ ဂိုးအနည်းပဲကြိုက်တယ်။

■ စီးရီးအေပွဲစဉ်
■ ရိုးမား နှင့် တိုရီနို (၁၀-၃-၂၀၁၈ နံနက် ၂း၁၅ နာရီ)
တိုရီနိုနဲ့ မက်ဇာရီရဲ့ ဇာတာတက်ချိန်ကုန်ဆုံးသွားပြီလား။ နောက်ဆုံး(၂)ပွဲဆက် တိုရီနို ရှုံးပွဲပြန်တွေ့ထားတယ်။ ဂိုးရဖို့ရုန်းကန်နေရတာမျိုး မြင်ရတယ်။ ပြီးတော့ အဝေးကွင်းနောက်ဆုံး (၉)ပွဲမှာ တိုရီနို (၁)ပွဲပဲ အမှတ်ရထားပါတယ်။ ရိုးမားနည်းပြ ဒီဖရန်ဆက်စကိုက နာပိုလီကိုအနိုင်ယူပြီး ဖိအားတွေ လျှော့ချထားတယ်။ ဒီပွဲမှာလည်း အနိုင်ကစားပါလိမ့်မယ်။

■ ဘွန်ဒစ်လီဂါပွဲစဉ်
■ မိန့်ဇ် နှင့် ရှော်လ်ကေး (၁၀-၃-၂၀၁၈ နံနက် ၂း၀၀ နာရီ)
မတူညီတဲ့ရည်မှန်းချက်ကိုယ်စီအတွက် အမှတ်လိုနေတဲ့ (၂)သင်း တွေ့ဆုံကြတာပါ။ လက်ရှိအခြေအနေမှာတော့ ခြားနားချက်က ကြီးမားပါတယ်။ ဒါပေမဲ့ ရှော်လ်ကေးရဲ့အဝေးကွင်း ရလဒ်ပိုင်းက သိပ်ယုံစားလို့မရသေးဘူး။ မိန့်ဇ်အသင်းသာ ခံကစားခဲ့ရင် သမ္ဘာနုတဲ့ ရှော်လ်ကေးတိုက်စစ် ဂိုးရဖို့ခက်မယ်။ မိန့်ဇ်ဘက်ကပဲ ရပ်တည်ချင်တယ်။

■ ပြင်သစ်လီဂူးပွဲစဉ်
■ စထရာဘိုး နှင့် မိုနာကို (၁၀-၃-၂၀၁၈ နံနက် ၂း၁၅ နာရီ)
စထရာဘိုး ယိမ်းယိုင်နေတယ်ဆိုပေမယ့် အိမ်ကွင်းမှာ တည်ငြိမ်ပြီး နောက်ဆုံး(၂)ပွဲမှာ (၄)မှတ်ရယူထားနိုင်တယ်။ မိုနာကိုကလည်း ပုံမှန်နိုင်ပွဲတွေယူနေတာတွေ့ရတယ်။ နောက် ဆုံး (၈)ပွဲမှာ တစ်ပွဲပျမ်းမျှ အနည်းဆုံး (၂)ဂိုးသွင်းထားလို့ ဒီပွဲမှာ စထရာဘိုးကို နိုင်ဖို့မခက်ဘူး။ ဂိုးပြတ်ဖို့တော့ခက်တယ်။

Most Read

Most Recent