<

စီးရီးအေနွေရာသီအပြောင်းအရွှေ့ကို ရာသီသစ်မစမီ ပိတ်သိမ်းမည်

Photo: First Touch Online

ယခုနှစ်စီးရီးအေနွေရာသီအပြောင်းအရွှေ့ကာလကို ရာသီသစ်မစမီတစ်ရက်ဖြစ်သည့် သြဂုတ် ၁၈ ရက်တွင် ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင် Boxing Day တွင် စီးရီးအေပွဲစဉ်များ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ပြီး ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလ ကြားတွင် စီးရီးအေ Match Week နှစ်ခုကစားမည်ဖြစ်သည်။

သို့သော် ကစားသမားများ အနေဖြင့် ဆောင်းရာသီကာလအနားရမှုအဖြစ် ရက်သတ္တပတ် သုံးပတ်ရရှိမည်ဖြစ်ပြီး ဒီဇင်ဘာ ၃၀ ရက်မှ ဇန်န၀ါရီ ၂၀ ရက်အထိ ပွဲများရပ်နားရန် စီစဉ်ထားသည်။

ယခုရာသီတွင်မူ ဒီဇင်ဘာ ၂၆၊ ၂၇ ရက်များတွင် ကိုပါအီတာလီယာပွဲကစားခဲ့ပြီး ဒီဇင်ဘာ ၃၀ ရက်တွင်မူ စီးရီးအေပွဲစဉ်များကစားခဲ့ကြောင်း သိရသည်။

March 7, 2018














Copy Protected by Chetan's WP-Copyprotect.