တိုက်စစ်မှူးအောင်သူ၏ သွင်းဂိုးများဖြင့် စင်ကာပူကိုမြန်မာ အနိုင်ရ

တိုက်စစ်မှူးအောင်သူ၏ သွင်းဂိုးများဖြင့် စင်ကာပူကိုမြန်မာ အနိုင်ရ
Published 14 August 2017

မြန်မာအသင်းအတွက် ဒုတိယဂိုးသွင်းယူအပြီးတွေ့ရသည့် မောင်မောင်လွင်နှင့် အောင်သူ(ဓာတ်ပုံ- ညီညီစိုးညွန့်)

မြန်မာအသင်းအတွက် ဒုတိယဂိုးသွင်းယူအပြီးတွေ့ရသည့် မောင်မောင်လွင်နှင့် အောင်သူ(ဓာတ်ပုံ- ညီညီစိုးညွန့်)

(၂၉)ကြိမ်မြောက် ဆီးဂိမ်း အမျိုးသားပြိုင်ပွဲ အဖွင့်ပွဲစဉ်အဖြစ် မြန်မာယူ-၂၂ အသင်းနှင့် စင်ကာပူ ယူ-၂၂ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာယူ-၂၂ အသင်းက (၂-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည်။ မြန်မာယူ-၂၂ အသင်းအတွက် အနိုင်ဂိုးများကိုတိုက်စစ်မှူးအောင်သူက ပွဲကစားချိန်(၄၅၊၆၁)မိနစ်တို့တွင်သွင်းယူပေးခဲ့သည်။
 
မြန်မာယူ-၂၂အသင်းသည် ပွဲအစပိုင်းတွင် ကစားပုံမတည်မငြိမ်ဖြစ်ခဲ့သော် လည်း မိနစ်(၂၀)နောက်ပိုင်းတွင် ကစားပုံပိုမိုကောင်းမွန်လာကာ စင်ကာပူ အသင်းဘက်သို့ ဖိအားပေးနိုင်ခဲ့သည်။ ပထမပိုင်းတွင် ပြီးဆုံးခါနီးတွင်မူ
စင်ကာပူနောက်တန်းနှင့် ထိပြီးထွက်လာသည့်ဘောလုံးကို အောင်သူက အနီးကပ်ပိတ်သွင်းယူခဲ့ခြင်းဖြစ်သည်။ ဒုတိယဂိုးကိုမူ (၆၁)မိနစ်တွင် မောင်မောင်လွင်၏ဖြတ်တင်ပေးမှုမှတစ်ဆင့် အောင်သူက အနီးကပ် ပြေးဝင်ပိတ်သွင်းယူခဲ့သည်။
 
မြန်မာယူ -၂၂ အသင်းသည် အုပ်စုဒုတိယပွဲအဖြစ် သြဂုတ်(၁၆)ရက် မြန်မာစံတော်ချိန် ည (၇)နာရီ(၁၅)မိနစ်တွင် လာအို ယူ-၂၂ အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

Most Read

Most Recent