ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 5 March 2018

 

ခရစ္စတယ်ပဲလေ့စ် - မန်ယူ (၆-၃-၂၀၁၈ နံနက် ၂း၃၀)

မန်ယူက ပထမအကျော့တုန်းက ပဲလေ့စ်ကို အိမ်ကွင်းမှာ (၄)ဂိုးပြတ်နိုင်ခဲ့ပြီး ဖယ်လေနီက နှစ်ဂိုး၊ လူကာကူနဲ့ မာတာတို့ ဂိုးတွေကိုယ်စီသွင်းခဲ့ကြတယ်။ အဲ့ဒီအချိန်က မန်ယူအသင်းရဲ့ခြေစွမ်းက အကောင်းဆုံးအနေအထားမှာရှိနေချိန်ဖြစ်ပြီး ပဲ လေ့စ်ကတော့ တောက်လျှောက်ခြေပျက်နေတဲ့အချိန်ပါ။ အခုထိလည်း ပဲလေ့စ်ရဲ့ခြေစွမ်းက အကောင်းဆုံးအနေအထားမှာ ရှိမနေသေးဘူး။ ဒါပေမဲ့ ပထမအကျော့ကပုံစံမျိုးတော့မဟုတ်တော့ဘူး။ တန်းဆင်းဇုန်အန္တရာယ်ကြောင့် အသည်းအသန်ရုန်း ကန်နေသလို၊ အိမ်ကွင်းမှာလည်း ချယ်လ်ဆီး၊ မန်စီးတီး၊ စပါးတို့ကို ဒုက္ခပေးနိုင်ခဲ့တဲ့ အနေအထားကြောင့် မန်ယူအတွက်လည်း စိုးရိမ်ရတယ်။ ဒီပွဲပြီးရင် ချယ်လ်ဆီးအသင်းရဲ့ကွင်းမှာ သွားကစားရဦးမှာဖြစ်တာကြောင့် ပဲလေ့စ်အတွက် အာရုံစူးစိုက်မှုက အမြင့်ဆုံးအခြေအနေမှာရှိလိမ့်မယ်။ မန်ယူကတော့ နောက်ဆုံးအဝေးကွင်းနှစ်ပွဲဆက်တိုက် ရှုံးပွဲတွေ့ခဲ့သလို၊ လက်ရှိခြေစွမ်း ကလည်း အဝေးကွင်းပွဲစဉ်တွေမှာ စိတ်ချလို့ရတဲ့အနေအထားမှာ ရှိမနေဘူး။ ပြိုင်ဘက်အသင်းက မာမာတင်းတင်းကစားနိုင် ရင် မန်ယူရဲ့ကစားပုံက စိုးရိမ်စိတ်ကြီးနေတာကိုတွေ့ရပြီး ခံစစ်စိတ်ဝင်သွားတတ်တယ်။ ဂိုးသမားနဲ့ ခံစစ်ကစားပုံကြောင့် ပေး ဂိုးတွေက ရုပ်ပျက်ဆင်းပျက်မဖြစ်ပေမယ့် တိုက်စစ်ကို ထိခိုက်တယ်။ မထင်မှတ်ဘဲ သရေကျသွားနိုင်ပြီး နိုင်လည်းဂိုးမပြတ်ဘူး။

ဆယ်လ်တာဗီဂို - လက်စ်ပါမားစ် (၆-၃-၂၀၁၈ နံနက် ၂း၃၀)

ယူရိုပါလိဂ်ဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့ ဆယ်လ်တာဗီဂို သာ အိမ်ကွင်းမှာ တကယ်ကစားခဲ့ရင် လက်စ်ပါမားစ် တောင့်ခံ နိုင်ဖို့မရှိပါဘူး။ အဝေးကွင်းခံစစ်အားနည်းတဲ့ လက်စ်ပါမားစ် ကြောင့် အိမ်ရှင်နဲ့ ဂိုးအများကိုပဲ ရွေးထားချင်တယ်။

Most Read

Most Recent