MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ယနေ့ စတင်ကျင်းပမည်

MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ယနေ့ စတင်ကျင်းပမည်
Published 3 March 2018

ပုံစာ - အမှတ်ပေးဇယား ထိပ်ဆုံးမှ ဦးဆောင်နေသည့် ရန်ကုန်ယူနိုက်တက် အသင်း (ဓာတ်ပုံ-ညီညီစိုးညွန့်)

၂၀၁၈ ရာသီ MNL အမှတ်ပေးပြိုင်ပွဲ ပွဲစဉ် (၈) ကို ယနေ့ (မတ် ၃ ရက်) ညနေပိုင်းတွင် စတင်ကျင်းပမည်ဖြစ်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် တတိယနေရာမှ မကွေးအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိသည်။

ပွဲစဉ် (၈) အဖြစ် မတ် ၃ ရက် (ယနေ့) ညနေ ၄ နာရီတွင် သုဝဏ္ဏကွင်း၌ မကွေးအသင်းနှင့် ရန်ကုန်အသင်း၊ ညနေ ၃ နာရီခွဲတွင် မော်လမြိုင်ကွင်း၌ Southern အသင်းနှင့် ရတနာပုံအသင်း၊ မတ် ၄ ရက်တွင် ဝေသာလီကွင်း၌ ရခိုင်အသင်းနှင့် ဟံသာဝတီအသင်း၊ အောင်ဆန်းကွင်း၌ ဇွဲကပင်အသင်းနှင့် စစ်ကိုင်းအသင်း၊ မတ် ၇ ရက်တွင် ပုသိမ်ကွင်း၌ ဧရာဝတီအသင်းနှင့် မြဝတီအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မတ် ၂ ရက်တွင်ကစားမည့် GFA အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းပွဲကို မေ ၂ ရက်သို့ ရွှေ့ဆိုင်းထားကြောင်း သိရသည်။ ပွဲစဉ် (၇) အပြီးတွင်  ရန်ကုန်အသင်းက ၁၉ မှတ်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နေပြီး ရတနာပုံ၊ မကွေးနှင့် လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းတို့က ၁၄ မှတ်စီ၊ ဟံသာဝတီအသင်းက ၁၂ မှတ်။ Southern နှင့် ရခိုင်အသင်းတို့က ရှစ်မှတ်စီ၊ ဇွဲကပင်အသင်းက ခုနစ်မှတ်၊ ဧရာဝတီအသင်းက ခြောက်မှတ်၊ စစ်ကိုင်းယူနိုက်တက်အသင်းက ငါးမှတ်၊ GFA အသင်းက လေးမှတ်၊ မြဝတီအသင်းက နှစ်မှတ်ရထားသည်။ ယင်းအသင်းများအနက် စစ်ကိုင်းနှင့် မြဝတီအသင်းမှာ ခြောက်ပွဲစီသာ ကစားရသေးသည်။

ယနေ့ယှဉ်ပြိုင်မည့်ပွဲများအနက် မကွေးနှင့် ရန်ကုန်ပွဲကို MRTV နှင့် For-Sports ရုပ်သံလိုင်း၊ Southern နှင့် ရတနာပုံပွဲကို MNL Facebook မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။

Most Read

Most Recent