အာဆင်နယ်အသင်း ရာသီဝက်ကာလတွင် ပေါင် ၂၅ သန်းကျော် အမြတ်ရ

အာဆင်နယ်အသင်း ရာသီဝက်ကာလတွင် ပေါင် ၂၅ သန်းကျော် အမြတ်ရ
Published 2 March 2018

အာဆင်နယ်အသင်းသည် ယခုရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သော်လည်း ကစားသမားများရောင်းချမှုကြောင့် ရာသီဝက်ကာလ ဘဏ္ဍာရေးရှင်းတမ်းတွင် ပေါင် ၂၅ သန်းကျော် အမြတ်ရခဲ့ကြောင်း သိရသည်။

အာဆင်နယ်အသင်းသည် ဆယ်စုနှစ်နှစ်ခုအတွင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဝင်ခွင့် လွဲချော်ခဲ့သဖြင့် ရာသီဝက်ကာလ (နိုဝင်ဘာ ၃၀ ရက်အထိ) ဝင်ငွေရရှိမှုမှာ ပေါင် ၁၆၇ ဒသမ ၇ သန်းသာရှိပြီး ယခင်နှစ်ကာလတူထက် ပေါင် ၂၃ ဒသမ ၄ သန်း လျော့ကျသွားသည်။ သို့သော် နွေရာသီအပြောင်းအရွှေ့ကာလတွင် လာကာဇက်တစ်ဦးတည်းကိုသာ ပေါင် ၄၆ ဒသမ ၅ သန်းဖြင့်ခေါ်ယူခဲ့ပြီး ချိန်ဘာလိန်၊ ကီရင်ဂစ်ဘ်၊ ဂါဘရီယဲလ်၊ ဆက်ဇနီတို့ကို ပြန်လည်ရောင်းချခဲ့သောကြောင့် အခွန်မဆောင်မီ ပေါင် ၂၅ ဒသမ ၁ သန်း (အခွန်ဆောင်ပြီးလျှင် ပေါင် ၂၀ ဒသမ ၄ သန်း) အမြတ်ရရှိထားခြင်းဖြစ်သည်။ ရာသီဝက်ကာလ အမြတ်ငွေရရှိမှုမှာ ယခင်ရာသီထက် ပေါင် ၁၂ ဒသမ ၅ သန်း မြင့်တက်လာပြီး ကစားသမားရောင်းချရာမှ အမြတ်အစွန်းရရှိသဖြင့် အရန်ငွေကြေးမှာလည်း ပေါင် ၁၃၇ ဒသမ ၆ သန်းအထိ မြင့်တက်လာသည်။

Most Read

Most Recent