■ ရာသီအဖွင့်မှာ ခြေစွမ်းပြပြီး ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်ယူ

■ ရာသီအဖွင့်မှာ ခြေစွမ်းပြပြီး ဝက်စ်ဟမ်းကို ဂိုးပြတ်အနိုင်ယူခဲ့တဲ့ မန်ယူ
Published 13 August 2017

မန်ယူအသင်းရဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်က လှပခဲ့ပြီး ဝက်စ်ဟမ်းကို ဂိုးပြတ်၊ ခြေပြတ်
နဲ့ အနိုင်ယူခဲ့ပါတယ်။ မန်ယူအသင်းမှာ ကစားသမားသစ်တွေဖြစ်တဲ့ လူကာကူ၊ မာတစ်တို့
ပါဝင်ခဲ့ပေမယ့် နောက်ခံလူ လင်ဒီလော့ဖ်ကတော့ အရံစာရင်းမှာတောင် မပါခဲ့ပါဘူး။ ဝက်စ်
ဟမ်းအသင်းမှာလည်း ဒီနွေရာသီအတွင်းမှာ ခေါ်ယူထားတဲ့ ဂျိူးဟတ်၊ ဇာဘလက်တာ၊ ဟာနန်
ဒက်ဇ်၊ အာနော်တိုဗစ် စတဲ့ကစားသမားအစုံအလင် ပါဝင်ခဲ့ပါတယ်။

ပွဲအစကတည်းက မန်ယူအသင်းဟာ ဝက်စ်ဟမ်းဘက်ကို တရစပ်ထိုးဖောက်ခဲ့ပြီး ဝက်စ်ဟမ်း
အသင်းက တန်ပြန်တိုက်စစ်တွေနဲ့သာ တုံ့ပြန်ခဲ့ရတယ်။ ဒါပေမဲ့ ဝက်စ်ဟမ်းအသင်းရဲ့ တန်ပြန်
တိုက်စစ်တွေကလည်း မန်ယူဘက်ကို ခြိမ်းခြောက်နိုင်ခဲ့ပြီး အပိုင်ကန်သွင်းခွင့် (၂)ကြိမ်လောက်
ရခဲ့ပေမယ့် အသုံးမချနိုင်ခဲ့လို့ ချေပဂိုးမရခဲ့တာပါ။ မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန်(၃၃)
မိနစ်မှာ ရပ်ရှ်ဖို့ဒ် ဖန်တီးပေးမှုကနေ လူကာကူက မန်ယူကစားသမားဘ၀ ပထမဆုံးပရီးမီးယားလိဂ်
သွင်းဂိုးအဖြစ် သွင်းယူခဲ့ပါတယ်။ မန်ယူအသင်းအတွက် ဒုတိယဂိုးကိုလည်း လူကာကူက သွင်းယူခဲ့
ပြီး (၅၂)မိနစ်မှာ ရခဲ့တဲ့ ပြစ်ဒဏ်ဘောကနေ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဒီပွဲမှာ ရပ်ရှ်ဖို့ဒ်၊ လူကာကူ၊
မာတစ်၊ မစ်ခီတာရီယန်၊ ပေါ့ဘာတို့ အားလုံးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အထူးသဖြင့် မာတစ်ရောက်လာတဲ့
မန်ယူကွင်းလယ်က အရင်ကထက် ပိုမိုတည်တည်ငြိမ်ငြိမ်နဲ့ ကစားနိုင်ခဲ့တယ်။

မန်ယူအတွက် တတိယမြောက်ဂိုးကို ရပ်ရှ်ဖို့ဒ်နေရာမှာ လူစားဝင်ကစားတဲ့ မာစီယဲလ်က ပွဲချိန်(၈၇)မိနစ်မှာ
မစ်ခီတာရီယန်ရဲ့ ပေးပို့မှုကနေ ကန်သွင်းခဲ့တာဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ စတုတ္ထမြောက်ဂိုးကိုတော့
မိနစ်(၉၀)မှာ မာစီယဲလ် ထိုးပေးလိုက်တဲ့ ဘောလုံးကို ပေါ့ဘာက လှလှပပ ကန်သွင်းခဲ့တာဖြစ်ပါတယ်။

မန်ယူအတွက် ဒုတိယဂိုးကိုပြစ်ဒဏ်ဘောမှတစ်ဆင့် လူကာကူ ခေါင်းတိုက်သွင်းနေစဉ်

မန်ယူအသင်းအတွက် စတုတ္ထမြောက်ဂိုးကို ပေါ့ဘာ ကန်သွင်းနေစဉ်

မန်ယူတိုက်စစ်မှူး မာစီယဲလ် တတိယဂိုးသွင်းယူနေစဉ်

မန်ယူအသင်း၏ အဖွင့်ဂိုးအား လူကာကူ ကန်သွင်းနေစဉ်

 

Most Read

Most Recent