မြန်မာယူ-၁၈ အသင်းနှင့် အင်တာမီလန်ယူ-၁၈ အသင်းတို့၏ ဒုတိယမြောက် ခြေစမ်းပွဲ (၂)ဂိုးစီသရေကျ


မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီ လန် ယူ-၁၈ အသင်းတို့သည် သြဂုတ် ၁၃ ရက် ညနေ ၆ နာရီတွင် သုဝဏ္ဏကွင်း၌ ဒုတိယ မြောက်ခြေစမ်းပွဲကို ယှဉ်ပြိုင်ကစားခဲ့ရာ နှစ် ဂိုးစီသရေကျခဲ့ကြောင်း သိရသည်။ မြန်မာ ယူ-၁၈ အသင်းသည် ပထမခြေစမ်းပွဲကဲ့သို့ ပထမပိုင်းပွဲကစားချိန်အတွင်း မြန်မြန်ဆန်ဆန်တိုက်စစ် ဆင်နိုင်ခဲ့သောကြောင့် ပွဲချိန် ၁၈ မိနစ်မှာပင် ၀င်းနိုင်ထွန်းက အင်တာမီလန်နောက်ခံလူများကို ဖြတ်ကျော်ပြီး အပြင်းကန်သွင်းချက်ဖြင့် ဦးဆောင်ဂိုးရယူနိုင်ခဲ့သည်။ ထို့နောက် မြန်မာယူ-၁၈ အသင်းသည် ပွဲကို အချိတ်အဆက်မိမိ ဆက်လက်ယှဉ်ပြိုင်ကစားခဲ့ပြီး အင်တာမီလန်အသင်းကို ဖိအားပေးနိုင်ခဲ့ သည်။ သို့သော်လည်း ပွဲချိန် ၄၂ မိနစ်တွင် မြန်မာနောက်ခံလူများနှင့် ဂိုးသမားတို့ နားလည်မှုလွဲမှားပြီး ချေပဂိုးပြန်လည်ခွင့်ပြုခဲ့ရသည်။ ပထမပိုင်းပြီးခါနီး နာကျင်အချိန်ပိုတွင် အင်တာတိုက်စစ်မှူး အန်ဒရာက ဂိုးထပ်မံ သွင်းယူနိုင်ခဲ့သောကြောင့် ပထမပိုင်းအပြီးတွင် အင်တာမီလန်အသင်းက (၂-၁) ဂိုးဖြင့် ဦးဆောင်ခဲ့သည်။ ပွဲချိန် ၆၁ မိနစ်တွင် မြန်မာ ယူ- ၁၈ အသင်းတိုက်စစ်မှူး ၀င်းနိုင်ထွန်းကို အင်တာနောက်ခံလူများက ဂိုးဧရိယာအတွင်း ဖျက်ထုတ်ပုံကြမ်းတမ်းခဲ့သောကြောင့် ပယ်နယ်တီရရှိခဲ့ပြီး ပြည့်စုံနိုင်က အမှားအယွင်း မရှိကန်သွင်းကာ ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။ ဒုတိယပိုင်းပြီးခါနီးတွင် မြန်မာ ယူ-၁၈ အသင်းနှင့် အင်တာမီလန် ယူ-၁၈ အသင်းတို့ အခွင့်အရေးအချို့ရရှိခဲ့သော် လည်း အသုံးမချနိုင်ခဲ့သောကြောင့် နှစ်ဂိုးစီ သရေရလဒ်ဖြင့်သာ ပြီးဆုံးခဲ့သည်။မြန်မာ ယူ-၁၈ အသင်းသည် အင်တာ မီလန် ယူ-၁၈ အသင်းနှင့် ဒုတိယမြောက် ခြေစမ်းပွဲယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး ပထမပွဲ တွင် (၄-၂) ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်း သိရသည်