အာဂျင်တီးနား၊ အင်္ဂလန်တို့နှင့်ပွဲများတွင် နိုင်ငံအသင်းအတွက် ပါဝင်ကစားရန် ဘူဖွန် ဆန္ဒရှိ

အာဂျင်တီးနား၊ အင်္ဂလန်တို့နှင့်ပွဲများတွင် နိုင်ငံအသင်းအတွက် ပါဝင်ကစားရန် ဘူဖွန် ဆန္ဒရှိ
Published 1 March 2018

Photo: Goal

အီတလီအသင်းဝါရင့်ဂိုးသမား ဖြစ်သူ ဘူဖွန်က အာဂျင်တီးနား၊ အင်္ဂ လန်အသင်းတို့နှင့်ကစားမည့် ခြေစမ်းပွဲများတွင် နိုင်ငံလက်ရွေးစင်အသင်းအတွက် ပါဝင်ကစားရန် အသင့်ရှိကြောင်း အတည်ပြုပြောကြားခဲ့သည်။

အသက်(၄၀)နှစ်အရွယ်ရှိပြီဖြစ်သူ ဘူဖွန်သည် ပြီးခဲ့သည့်နိုဝင်ဘာလအတွင်းက ဆွီဒင်အသင်းနှင့်ကစားခဲ့သော ၂၀၁၈ ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-off ဒုတိယအကျော့ပွဲအပြီး တွင် နိုင်ငံအသင်းမှ အနားယူရန် ဆုံးဖြတ်ခဲ့သည်။

သို့သော်လည်း ဘူဖွန်သည် နိုင်ငံအသင်းအတွက် ပြန်လည်ကစားရန် ဆန္ဒရှိနေပြီး ယခုမတ်လ အတွင်းကစားမည့် အာဂျင်တီးနား၊ အင်္ဂလန်တို့နှင့်ပွဲများတွင် နိုင်ငံအသင်း၌ ရွေးချယ်ခံရရန်မျှော်လင့်နေ ခြင်းဖြစ်သည်။

ဘူဖွန်က "အီတလီအသင်းရဲ့ အကူးအပြောင်းကာလမှာ တစ်စိတ်တစ်ပိုင်းပါဝင်အားဖြည့်ဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ခံစားမိပါတယ်။ နိုင်ငံအသင်းက ကျွန်တော့်ကို လိုအပ်လာရင် အဆင်သင့်ပါပဲ။ ဒီအသင်းကို ကျွန်တော် မစွန့်ခွာနိုင်သေးပါဘူး"ဟုပြောကြားခဲ့ သည်။ ဘူဖွန်သည် အီတလီအသင်း အတွက် ၁၉၉၇ မှ ၂၀၁၇ အထိ နှစ် ပေါင်း (၂၀)ကြာ ကစားခဲ့ပြီး ပွဲပေါင်း (၁၇၅)ပွဲ ကစားခဲ့သူဖြစ်သည်။

အီတလီအသင်း ယာယီနည်းပြအဖြစ် ဆောင်ရွက်နေသည့် ဒီဘီယာဂျီယိုသည် မူလက ထုတ်ပြန်ခဲ့သည့် လူစာရင်းတွင် ဘူဖွန်ကို ထည့်သွင်းခဲ့ ခြင်းမရှိသော်လည်း ယခုအခါ လက်ရွေးစင်အသင်းတွင် ဘူဖွန်ကို ပြန်လည်ရွေးချယ်ရန် ဆန္ဒရှိနေကြောင်း သိရသည်။

Most Read

Most Recent