w ■ အယ်လီ၊ ဒေးဗီးစ်တို့ရဲ့ ဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ယူခဲ့တဲ့ စပါး - Eleven Media Group <

■ အယ်လီ၊ ဒေးဗီးစ်တို့ရဲ့ ဂိုးတွေနဲ့ နယူးကာဆယ်ကို အနိုင်ယူခဲ့တဲ့ စပါး

 

ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲအဖြစ် တနင်္ဂနွေနေ့ အစောပိုင်းမှာကစားခဲ့ တဲ့ နယူးကာဆယ်နဲ့
စပါးအသင်းတို့ရဲ့ပွဲမှာတော့ စပါးအသင်းက အယ်လီ၊ဒေးဗီးစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ယူခဲ့ပြီး
ရာသီအဖွင့်ကို နိုင်ပွဲနဲ့ စတင်ခဲ့တယ်။
 
ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာတဲ့ နယူးကာဆယ်အသင်းဟာ အိမ်ကွင်းမှာ ရလဒ်ကောင်းဖို့
ကြိုးစားခဲ့ပေမယ့် ဒုတိယပိုင်း(၄၈)မိနစ်မှာ ရှယ်လ်ဗီ အနီကတ်နဲ့ ထုတ် ပယ်ခံခဲ့ရလို့ စပါးတိုက်စစ်ကို
မထိန်းနိုင်ဘဲ ဂိုးတွေပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမဲ့ တစ်ယောက်လျော့ နယူးကာဆယ်ကို စပါးအသင်း
အသာမယူနိုင်ခဲ့ဘဲ အဖွင့်ဂိုးကို မိနစ်(၆၀)မှ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲရစ်ဆင်ရဲ့
တိကျတဲ့ဖြတ်တင်ပေးမှုကနေ အယ်လီကအလိုက်သင့် ပြေးဝင် ပိတ်သွင်းခဲ့တာပါ။ မိနစ်(၇၀)မှာ
စပါးအသင်း ဒုတိယဂိုးရခဲ့ပြီး စပါးအသင်းကစားသမားတွေ တစ်ချက်ထိ အပေးအယူကနေ
နောက်ခံလူ ဒေးဗီးစ်က ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။
 
နောက်ပိုင်းမိနစ်တွေမှာ နယူးကာဆယ်ကစားပုံ ကောင်းမွန်လာခဲ့ပြီး ဘယ်တောင်ပံက အက်စုရဲ့
ထိုးဖောက်ချက်တွေကို စပါးခံစစ် ခက်ခက်ခဲခဲထိန်းချုပ်ခဲ့ရတယ်။ စပါးတိုက်စစ်မှူး ဟာရီကိန်း အပိုင်
ကန်သွင်းခွင့် တစ်ကြိမ်ရခဲ့ပေမယ့် တိုင်ထိထွက်သွားလို့ နစ်နာခဲ့ရပါတယ်။

August 13, 2017














Copy Protected by Chetan's WP-Copyprotect.