လာလီဂါပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်

လာလီဂါပွဲစဉ်(၂၆) ပွဲကြိုသုံးသပ်ချက်
Published 27 February 2018

အက်စ်ပန်ညို နှင့် ရီးယဲလ်မက်ဒရစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၈ နံနက် ၁း၃၀ နာရီ)

ရီးယဲလ်မက်ဒရစ်ကတော့ အရှိန်ပြန်ရလာသလို တွေ့ရတယ်။ ပွဲစဉ်(၂၅)အထိ နိုင်ပွဲတွေရအောင် ပြန်ယူပြလာနိုင်သလို၊ တိုက်စစ်ပိုင်းကလည်း ပုံစံကောင်းပြန်ရလာနေတာ တွေ့ရတယ်။ နည်းပြ ဇီဒန်းကလည်း ထုံးစံအတိုင်း အသင်းကို အလှည့်ကျလူ ထုတ်မှုတွေ ဆက်လုပ်နေပေမယ့် အခုလိုနိုင်ပွဲတွေဆက်လာတာဟာ အသင်းရဲ့ယုံကြည်မှုကို ပိုအားကောင်းလာစေတာအမှန်ပဲ။ အခုရင်ဆိုင်ရမယ့် အက်စ်ပန်ညိုကိုလည်း အစဉ်အလာအရပါ အသာစီးယူထားနိုင်လို့ ရီးယဲလ်အတွက် စိုးရိမ်စရာမလိုတဲ့ပြိုင် ဘက်မျိုးလို့ ပြောလို့ရတယ်။ ရီးယဲလ်ရဲ့အားနည်းချက်က တိုက်စစ်က ဂိုးတွေပြန်ရနေသလောက်၊ ခံစစ်က ဂိုးတွေပြန်ပေးနေရ တုန်းပါပဲ။ အက်စ်ပန်ညိုကတော့ အိမ်ကွင်းမှာဆိုရင် ဂိုးရအောင်ပြန်ယူတတ်ပြီး ဒါဟာ အားနည်းနေတဲ့ ရီးယဲလ်ရဲ့နောက်တန်း အတွက် စိန်ခေါ်မှုပါပဲ။ ဒါပေမဲ့အက်စ်ပန်ညိုအတွက် အိမ်ကွင်းဆိုပေမယ့် ယုံကြည်မှုပြန်အားကောင်းနေပြီး အစဉ်အလာမှာ လည်း တစ်ဖက်သတ်အသာစီးထားတဲ့ ရီးယဲလ်ကို နိုင်ဖို့မဖြစ်နိုင်သလောက်ပါပဲ။ ရီးယဲလ်နဲ့ ဂိုးအများပဲရွေးထားချင်တယ်။

ဟီရိုနာ နှင့် ဆယ်လ်တာဗီဂို (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၂၈ နံနက် ၁း၃၀ နာရီ)

ဆယ်လ်တာဗီဂို အခုတလောကစားပုံပြန်လျော့နေတယ်။ အဝေးကွင်း နောက်ဆုံး(၂)ပွဲစလုံးကိုလည်း ရှုံးပွဲတွေ့ထားတဲ့အ ပြင် အသင်းရဲ့အားနည်းနေတဲ့ ခံစစ်ကစားပုံကိုလည်း ပြင်ဆင် မထားနိုင်သေးဘူး။ ဟီရိုနာကလည်း ကစားပုံမာကျောပြီး ခံစစ် ကလည်း လုံခြုံမှုပိုရှိတတ်သလို၊ တိုက်စစ်ကလည်း ဂိုးရအောင် ကစားနိုင်တယ်။ ဟီရိုနာနဲ့ ဂိုးအများပဲကြိုက်တယ်။

Most Read

Most Recent