ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ယနေ့ကစားမည့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 26 February 2018

ဒေါ့မွန် - အော့စ်ဘတ် (၂၇-၂-၂၀၁၈ နံနက်၂း၀၀)

ဒေါ့မွန်အသင်းနိုင်ပွဲဆက်နေပေမယ့် (၃)ပွဲစလုံးအသည်းအသန်ကစားလိုက်ရတယ်။ ဒါပေမဲ့ တစ်ဖက်မှာ အသင်းလိုက်ယုံကြည်မှုက တဖြည်းဖြည်းမြင့်တက်လာတဲ့ အနေအထားရောက်လာနိုင်တယ်။ အော့စ်ဘတ်က အဝေးကွင်းတွေမှာ ထိပ်သီးအသင်းတွေနဲ့ဆို ယှဉ်နိုင်တဲ့ခြေစွမ်းမရှိပါဘူး။ ဒေါ့မွန်အသင်းပဲ ဂိုးပြတ်နိုင်ဖို့များတယ်။

ကာဂလီယာရီ - နာပိုလီ (၂၇-၂-၂၀၁၈ နံနက်၂း၁၅)

ကာဂလီယာရီက အသင်းကြီးတွေကို ဒုက္ခပေးတတ်တဲ့ အစဉ်အလာရှိလို့ အခုလည်း အိမ်ကွင်းမှာ နာပိုလီကိုအခက်တွေ့စေဦးမယ်ထင်တယ်။ နောက်ပိုင်းပွဲတွေမှာ နာပိုလီတိုက်စစ် ဂိုးအရနည်းသွားပေမယ့် အင်ဆစ်ဂ်နီ၊ မာတင်စ်၊ ကယ်လီဟွန်တို့ တိုက်စစ်တွဲလုံးတွေဟာ အားကောင်းနေဆဲပါပဲ။ နာပိုလီကပ်အနိုင်ရဖို့များပါတယ်။

လီဗန်တေး - ဘက်တစ် (၂၇-၂-၂၀၁၈ နံနက်၂း၃၀)

ဘက်တစ်ခြေစွမ်းပိုင်း တိုးတက်မှုရှိလာပေမယ့် နောက်ဆုံး (၁၂)ပွဲဆက်နိုင်ပွဲပျောက်နေတဲ့ လီဗန်တေးရဲ့ ရုန်းအားကိုတော့ သတိထားရလိမ့်မယ်။ ဘက်တစ်ရဲ့တိုက်စစ်ပိုင်းက မဆိုးပေမယ့် ခံစစ်ကအဝေးကွင်းဆိုရင် အားပျော့တတ်လို့ လီဗန်တေးအတွက် အခွင့်အရေးရသွားနိုင်တယ်။ အိမ်ကွင်းလည်းဖြစ်ပြီး အမှတ်လိုနေတဲ့ လီဗန်တေးပဲကြိုက်တယ်။ ဂိုးများနိုင်တယ်။

 

Most Read

Most Recent