စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

စီးရီးအေပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 24 February 2018

ဘိုလော့ဂ်နာ နှင့် ဂျီနိုအာ (၂၄-၂-၂၀၁၈) စနေ ည ၁၁း၃၀ နာရီ

ဘိုလော့ဂ်နာတိုက်စစ်မှာ ပုံမှန်ဂိုးသွင်းမယ့်သူမရှိဘူး။ ခံစစ်မှာလည်း ပြဿနာရှိနေပြီး နောက်ဆုံး(၁၀)ပွဲဆက် ဘိုလော့ဂ်နာပွဲတွေဟာ ဂိုးများခဲ့ပါတယ်။ ဂျီနိုအာက အဝေးကွင်းနောက်ဆုံး (၂)ပွဲမှာ လာဇီယို၊ ချီယေဗိုတို့ကို အနိုင်ရထားပါတယ်။ ဒီရာသီ အဝေးကွင်းရလဒ်အကောင်းဆုံးအသင်းတွေထဲ ပါဝင်နေတယ်။ ဒါပေမဲ့ ဒီပွဲမှာ ဘိုလော့ဂ်နာအမှတ်ရပါမယ်။

အင်တာမီလန် နှင့် ဘင်နီဗင်တို (၂၅-၂-၂၀၁၈) တနင်္ဂနွေ နံနက် ၂း၁၅ နာရီ

အင်တာမီလန် နှင့် ဘင်နီဗန်တို အဝေးကွင်းမှာ တစ်မှတ်တောင်မရယူနိုင်သေးတဲ့ ဘင်နီဗန်တိုနဲ့ပွဲမှာရော အင်တာမီလန် ယိမ်းယိုင်ဦးမှာလား။ အင်တာမီ လန် အမှတ်ပြန်ယူရမယ့်ပွဲမျိုးဖြစ်ပေမယ့် စီးရီးအေနောက်ဆုံး (၆)ပွဲမှာ (၁)ဂိုးထက်ပိုသွင်းနိုင်တဲ့ပွဲ (၁)ပွဲသာရှိတဲ့ အင်တာမီလန် တိုက်စစ်ကို သတိထားရမယ်။ အင်တာမီလန် (၂)ဂိုးပြတ်၊ မပြတ် စဉ်းစားရပါမယ်။

Most Read

Most Recent