ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 24 February 2018

ဝက်စ်ဟမ်းနှင့် လီဗာပူးလ် ပထမအကျော့ဆုံတွေ့ခဲ့စဉ်

လက်စတာ နှင့် စတုတ်စီးတီး (၂၄-၂-၂၀၁၈) စနေ ညနေ ရး၀၀ နာရီ

လက်စတာနဲ့ စတုတ်က ရလဒ်ပိုင်းသိပ်မကွာဘူး။ လက်စတာမှာ ဗာဒီနဲ့ မာရက်ဇ်အတွဲမိနေသလို၊ စတုတ်မှာလည်း ရှာကီရီ ဂိုးတွေပြန်သွင်းလာတယ်။ ဒါပေမဲ့ စတုတ်ရဲ့အဝေးကွင်းခြေစွမ်းက အားနည်းပါတယ်။ လက်စတာပဲနိုင်မယ်။

ဘုန်းမောက် နှင့် နယူးကာဆယ် (၂၄-၂-၂၀၁၈) စနေ ည ၉း၃၀ နာရီ

ဘုန်းမောက်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဟတ်ဒါဖီးလ်ကို မထင်မှတ်ဘဲ ဂိုးပြတ်ရှုံးခဲ့ပြီး နယူးကာဆယ်က မန်ယူကို အနိုင်ကစားထားတဲ့အသင်းပါ။ ဒါပေမဲ့ နယူးကာဆယ်ရဲ့ တိုက်စစ်က အားနည်းနေဆဲပါပဲ။ အဝေးကွင်းမှာလည်း နိုင်ပွဲတွေရှားနေဦးမှာပဲ။ ဘုန်းမောက် မထင်မှတ်တဲ့ရှုံးပွဲကနေ ပြန်လာနိုင် လိမ့်မယ်။ ရလဒ်ကောင်းပြန်ယူလိမ့်မယ်။

ဘရိုက်တန် နှင့် ဆွမ်ဆီး (၂၄-၂-၂၀၁၈) စနေ ည ၉း၃၀ နာရီ

နှစ်သင်းစလုံး ရလဒ်တွေကောင်းနေပါတယ်။ အထူးသဖြင့် ဆွမ်ဆီးရဲ့ရလဒ်တွေကပိုပြီးအားရစရာကောင်းတယ်။ ဘရိုက်တန်ကိုသာ နိုင်လိုက်ရင် ဆွမ်ဆီး တော်တော်အခြေအနေကောင်း သွားမယ်။ အနည်းဆုံးတော့ ဆွမ်ဆီးသရေရလောက်တယ်။

ဘန်လေ နှင့် ဆောက်သမ်တန် (၂၄-၂-၂၀၁၈) စနေ ည ၉း၃၀ နာရီ

ဆောက်သမ်တန်ရဲ့ခြေစွမ်းက သိသိသာသာတိုးတက်လာပြီး ဘန်လေကတော့ တဖြည်းဖြည်းနဲ့အနုတ်ပြလာပါတယ်။ မန်စီးတီးကို သရေကစားခဲ့တာမျိုးက ချီးကျူးစရာဆိုပေမယ့် ခံကစားရတဲ့ပွဲပဲ ကောင်းသလိုဖြစ်နေတယ်။ ဒီပွဲမှာလည်း အိမ်ကွင်းဆိုပေမယ့် ဆောက်သမ်တန်ကို မနိုင်လောက်ဘူး။

လီဗာပူးလ် နှင့် ဝက်စ်ဟမ်း (၂၄-၂-၂၀၁၈) စနေ ည ၉း၃၀ နာရီ

ဝက်စ်ဟမ်းက အာနော်တိုဗစ်ဒဏ်ရာရသွားတဲ့အချိန်တွေမှာ ရုန်းကန်ခဲ့ရပေမယ့် သူပြန်ကစားနိုင်တာနဲ့ ပုံစံကောင်းပြန် ပြခဲ့တာတွေ့ရတယ်။ လက်ရှိအနေအထားရ လီဗာပူးလ်ကို မယှဉ်နိုင်ဘူးဆိုပေမယ့် ဝက်စ်ဟမ်းရဲ့ရလဒ်ပိုင်းကိုလည်း လျှော့မတွက်သင့်ဘူး။ ဝက်စ်ဟမ်းက ပရီးမီးယားလိဂ်နောက်ဆုံး(၈)ပွဲမှာ တစ်ပွဲပဲရှုံးခဲ့တဲ့ အသင်းဖြစ်နေတယ်။ လီဗာပူးလ်ကလည်း ဒီရာသီ အိမ်ကွင်း (၁၃)ပွဲမှာ ရှုံးပွဲမရှိကစားနိုင်ခဲ့တဲ့အသင်းပါ။ (၂၇)ဂိုးသွင်းနိုင်ခဲ့ပြီး အားနည်းပါတယ်ဆိုတဲ့ခံစစ်က အိမ်ကွင်းမှာတော့ (၉)ဂိုးပဲ ပေးခဲ့ရတယ်။ ဒါပေမဲ့ သရေပွဲ(၆)ပွဲတောင် ကျခဲ့ပြီး နိုင်ပွဲရာခိုင်နှုန်းက သိပ်အားရစရာမရှိဘူး။ ဒီအချက်က စိုးရိမ်စရာကောင်းတယ်။ အထူးသဖြင့် သေချာပေါက်နိုင်မယ်လို့ ယူဆထားတဲ့ပွဲတွေမှာ ခြေချော်သွားတတ်တဲ့အကျင့်လည်း ရှိတယ်။ ဗန်ဒိုက်ရောက်လာပြီးနောက်ပိုင်း ခံစစ်က တိုးတက်လာတယ်ပြောရမယ်။ တချို့ပွဲတွေမှာဂိုးတွေပေးနေရဆဲဆိုပေမယ့် ရုပ်ပျက်ဆင်းပျက်အမှားမျိုးတွေနည်းလာပြီး ကစားပုံက ပိုတည်ငြိမ်လာတယ်။ ပေါ်တိုနဲ့ ကစားခဲ့တဲ့ပွဲမှာ အဝေးကွင်း သွင်းဂိုး (၅)ဂိုးတောင်ရခဲ့ပြီး တိုက်စစ်ပိုင်းရဲ့ယုံကြည်မှုကလည်း မြင့်မားနေမှာသေချာတယ်။ ဒါ့အပြင် မန်ယူနဲ့ ချယ်လ်ဆီးတို့ ထိပ်တိုက်တွေ့နေတဲ့အချိန်ဖြစ်လို့ သေချာပေါက်(၃)မှတ်ယူဖို့ အားခဲထားလိမ့်မယ်။ လီဗာပူးလ် (၂-ဝ)လောက်ဖြစ်မယ်။

ဝက်စ်ဘရွန်း နှင့် ဟတ်ဒါဖီးလ် (၂၄-၂-၂၀၁၈) စနေ ည ၉း၃၀ နာရီ

နှစ်သင်းစလုံးက အခြေအနေတော်တော်ဆိုးနေပါတယ်။ ဝက်စ်ဘရွန်းက ရလဒ်တွေကောင်းသင့်နေပါပြီ။ ဒါပေမဲ့ ဆက်တိုက်ပွဲကျပ်နေတာကြောင့် ရှုံးပွဲတွေဆက်နေတယ်။ ဒီပွဲတော့ ဝက်စ်ဘရွန်းနိုင်မှာပါ။

ဝက်ဖို့ဒ် နှင့် အဲဗာတန် (၂၄-၂-၂၀၁၈) စနေ ည ၁၂း၀၀ နာရီ

ဒယ်လိုဖူနဲ့ အသင်းဟောင်းတွေ့ဆုံမှုက စိတ်ဝင်စားစရာပါ။ အဲဗာတန်က ရလဒ်ပိုင်းတိုးတက်လာတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းက ယုံကြည်မှုမြင့်မားလာပြီး ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်တာ တွေ့ရတယ်။ ဝက်ဖို့ဒ်ကတော့ တိုက်စစ်အားသိသိသာသာ ကျဆင်းနေတယ်။ အဲဗာတန်ပဲကြိုက်တယ်။

Most Read

Most Recent