လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် မှတ်တမ်းသစ်ပိုင်ဆိုင်

လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန် မှတ်တမ်းသစ်ပိုင်ဆိုင်
Published 24 February 2018

လိုက်ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံလုပွဲတွင် အနိုင်ရရှိခဲ့သည့် အောင်လအန်ဆန်သည် မှတ်တမ်းသစ်တစ်ခု ပိုင်ဆိုင်ခဲ့ကြောင်း သိရသည်။

ONE Championship အဖွဲ့အစည်းသည်  ONE MMA ပြိုင်ပွဲတွင် ဝိတ်တန်းကိုးခု ကျင်းပလျက်ရှိပြီး အောင်လအန်ဆန်သည် လက်ရှိကမ္ဘာ့ချန်ပီယံများအနက် ဝိတ်တန်းနှစ်ခုတွင် ချန်ပီယံဆုရယူနိုင်သည့် ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကို ၂၀၁၇ ခုနှစ် ဇွန်လတွင် ရယူနိုင်ခဲ့ပြီး ရှစ်လအကြာတွင် လိုက်ဟဲဗီးဝိတ်တန်း၌ ကမ္ဘာ့ချန်ပီယံဆု ထပ်မံရယူနိုင်ခဲ့သည်။

အောင်လအန်ဆန်သည် ကစားသမားဘ၀ ၃၂ ပွဲ မြောက် ထိုးသတ်ရာတွင် ၂၂ ပွဲမြောက် နိုင်ပွဲရခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent