အဝါရောင်ဖဲကြိုးတပ်ဆင်ခဲ့သည့် ဂွါဒီယိုလာကို FA စွဲချက်တင်

အဝါရောင်ဖဲကြိုးတပ်ဆင်ခဲ့သည့် ဂွါဒီယိုလာကို FA စွဲချက်တင်
Published 24 February 2018

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်( FA)သည် ထောင်ဒဏ်ကျခံနေသည့် ကတ်တလန်နိုင်ငံရေးသမားများကို
အားပေးထောက်ခံသည့်အနေဖြင့် အဝါရောင်ဖဲကြိုးတပ်ဆင်ခဲ့သော မန်စီးတီးအသင်းနည်းပြဂွါဒီယိုလာအား
စွဲချက်တင်ခဲ့ကြောင်းသိရသည်။ ဂွါဒီယိုလာသည် ကတ်တလန်ဒေသခွဲထွက်ရေးလှုပ်ရှားမှုကြောင့် ထောင်ဒဏ်
ကျခံနေသည့် ယော်ဒီကူဇက်နှင့် ယော်ဒီဆန်းချက်ဇ်တို့ကို အားပေးထောက်ခံသည့်အနေဖြင့် လိဂ်ဖလားဗိုလ်လုပွဲ
အတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အဝါရောင်ဖဲကြိုးအား တပ်ဆင်ခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် ဝီဂန်နှင့်ကစားခဲ့သော FA ဖလားပွဲတွင်လည်း ယင်းဖဲကြိုးအား တပ်ဆင်ခဲ့သည့်အတွက် FA က
နှစ်ကြိမ်တိုင် သတိပေးခဲ့ကြောင်းသိရသည်။ ယခုအခါ FA က ဂွါဒီယိုလာသည် ၎င်းတို့သတ်မှတ်ထားသော စည်းမျဉ်း
စည်းကမ်းကို ချိုးဖောက်ခဲ့သည့် ဂွါဒီယိုလာကို စွဲချက်တင်ခဲ့ခြင်းဖြစ်ပြီး တနင်္လာနေ့ ဗြိတိန်စံတော်ချိန် ညနေ(၆)နာရီ
မတိုင်မီ ဖြေရှင်းချက်ပေးရန် တောင်းဆိုထားကြောင်းသိရသည်။

REF:Daily Mail

Most Read

Most Recent