ကော်တင်ဟို၏ ထွက်ခွာခွင့်တောင်းခံမှုအား လီဗာပူးလ် ပယ်ချ

ကော်တင်ဟို၏ ထွက်ခွာခွင့်တောင်းခံမှုအား လီဗာပူးလ် ပယ်ချ
Published 13 August 2017

လီဗာပူးလ်အသင်းသည် ဘရာဇီးလ် လက်ရွေးစင်ကွင်းလယ်လူ ကော်တင်ဟို၏ အသင်းမှထွက်ခွာခွင့်ပြုရန် တောင်းဆိုမှုအား ငြင်းဆန်ပယ်ချခဲ့ကြောင်း သိရသည်။

ကော်တင်ဟို (၂၅ နှစ်) အား ဘာစီလိုနာအသင်းက ပေါင် (၇၂) သန်းဖြင့် တစ်ကြိမ်၊ ပေါင်သန်း (၉၀) ဖြင့် တစ်ကြိမ်၊ နှစ်ကြိမ်တိုင် ကမ်းလှမ်းသော်လည်း လီဗာပူးလ်အသင်းက ငြင်းဆန်ထားပြီး မည်သည့်ပမာဏရရှိသည် ဖြစ်စေ ရောင်းချမည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ " အသင်းအနေနဲ့ ဖိလစ်ပီ (ကော်တင်ဟို) အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားမှာမဟုတ်ဘူးဆိုတာ သေချာပါတယ်။ သူဟာ နွေရာသီ ဈေးကွက်ပိတ်ချိန်အထိ လီဗာပူးလ်အသင်း ကစားသမားတစ်ဦးအဖြစ် ရှိနေမှာပါ" ဟု ထုတ်ပြန်ချက်၌ဖော်ပြထားသည်။

ယင်းကြေညာချက်ထွက်ပေါ်လာပြီး နာရီပိုင်းအကြာမှာပင် ကော်တင်ဟိုသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ခွင့်ပြုရန် အီးမေးလ်မှတစ်ဆင့် တောင်းဆိုခဲ့ကြောင်း ဗြိတိန်သတင်းဌာနများစွာက ဖော်ပြခဲ့ပြီး ယင်းတောင်းဆိုမှုမှာ ပယ်ချခံခဲ့ရကြောင်း သိရသည်။ ထို့ပြင် ၎င်းနှင့်နီးစပ်သည့် မိသားစုဝင်တစ်ဦးကလည်း Sky Sports သတင်းဌာနနှင့်တွေ့ဆုံစဉ် " ဖိလစ်ပီအနေနဲ့ ဒီအခြေအနေကို မိတ်မပျက်ဘဲ ဖြေရှင်းနိုင်မယ့်နည်းလမ်းကို ခက်ခက်ခဲခဲရှာဖွေပေမယ့် မတွေ့ခဲ့ပါဘူး။ သူက အသင်းနဲ့ ပရိသတ်တွေကို အရမ်းချစ်ပါတယ်။ ဒါပေမဲ့ လီဗာပူးလ်က ကစားသမားတွေကို အခင်အမင်မပျက်ဘဲ ထွက်ခွင့်ပြုလေ့မရှိပါဘူး " ဟု ပြောကြားခဲ့သည်။

Most Read

Most Recent