ဖယ်လေနီအား ဘက်ဆစ်တက်အသင်း မလိုအပ်

ဖယ်လေနီအား ဘက်ဆစ်တက်အသင်း မလိုအပ်
Published 21 February 2018

 

Photo: Goal

 

မန်ယူအသင်း၏ ဘယ်လ်ဂျီယံကွင်းလယ်လူ ဖယ်လေနီအားခေါ်ယူရန် သဘောတူညီမှုရရှိထားပြီဆိုသည့်သတင်းများကို တူရကီကလပ် ဘက်ဆစ်တက်အသင်းက ငြင်းဆန်လိုက်ပြီး မိမိတို့အနေဖြင့် ဖယ်လေနီကို မလိုအပ်ဟု ပြောကြားခဲ့သည်။

ဘက်ဆစ်တက်အသင်း၏ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကန်ဒက်စ်တိုလ်ဂါက "ကျွန်တော့်ရဲ့တာဝန်က အသင်းက ကစားသမားတွေခေါ်ယူဖို့ အလိုရှိရင် ဆောင်ရွက်ပေးရတာပါ။ ဖယ်လေနီနဲ့ပတ်သက်ပြီး ကျွန်တော် ဘာ မှမသိရသေးပါဘူး။ ကျွန်တော်တို့မှာ ဒီနေရာအတွက် မီဒယ်လ်၊ အတီဘာ၊ အူဂူဇန်၊ တိုလ်ဂေး၊ နီဆစ်အစရှိတဲ့ ကစားသမားတွေ အများကြီးရှိတာကြောင့် သူ့ ကို မလိုအပ်ပါဘူး" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent