ပေါ့ဘာနှင့် မော်ရင်ဟိုဆက်ဆံရေးအပေါ် မန်ယူပရိသတ်များ အမြင်ကွဲလွဲနေ

ပေါ့ဘာနှင့် မော်ရင်ဟိုဆက်ဆံရေးအပေါ် မန်ယူပရိသတ်များ အမြင်ကွဲလွဲနေ
Published 20 February 2018

မန်ယူအသင်းပရိသတ်များသည် အသင်းနည်းပြမော်ရင်ဟိုနှင့် ပေါ့ဘာတို့၏ အခြေအနေအပေါ် အမြင်ကွဲလွဲနေကြ ကြောင်း သိရှိရသည်။

မန်ယူအသင်းပရိသတ်တစ်ဦးက ''ဆီဗီလာနဲ့ပွဲမှာ ပေါ့ဘာကိုမသုံးဘူးဆိုရင်တော့ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးက ပြိုကွဲသွားပါပြီ။ အဝတ်လဲခန်းက စိတ်မချမ်းသာစရာတွေဖြစ်လာပါလိမ့်မယ်''ဟု ဆိုခဲ့ပြီး ဂျိုရှီဟု အမည် ရသည့် ပရိသတ်တစ်ဦးကမူ ''မကျန်းမာဘူးဆိုတဲ့ကစားသမားတစ်ဦးကို ဘယ်လိုသုံးမလဲ။ ဒီပွဲမှာ ပေါ့ဘာမကစားနိုင်ဘူး ဆိုရင် ကစားဖို့အတွက် လုံလောက်တဲ့အခြေအနေမရှိလို့ပဲဖြစ်လိမ့်မယ်''ဟု ဆိုခဲ့သည်။

သို့ရာတွင် ဘေလီဆိုသည့် မန်ယူအားပေးသူများအဖွဲ့မှ ပရိသတ်ကမူ မော်ရင်ဟိုက ဒဏ်ရာကိုအကြောင်းပြသည့်တိုင် ယုံကြည်မည်မဟုတ်ကြောင်းနှင့် အသင်းတွင် ပေါ့ဘာ၏အနာဂတ်မရှိတော့မည်ကို စိုးရိမ်နေကြောင်း ပြန်လည်ပြောကြားထားသည်။

Most Read

Most Recent