မက်ဆီ၏ကန်ချက် ဂိုးတိုင်ထိမှန်မှု လာလီဂါတွင် စံချိန်တင်

မက်ဆီ၏ကန်ချက် ဂိုးတိုင်ထိမှန်မှု လာလီဂါတွင် စံချိန်တင်
Published 20 February 2018

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၏ကန်ချက် ဂိုးတိုင်ထိမှန်မှုမှာ လာလီဂါတွင် စံချိန်တင်ခဲ့ကြောင်း သိရသည်။

ယခုတစ်ပတ် အီဘာအသင်းနှင့်ကစားခဲ့သည့် လာလီဂါပွဲတွင် ပွဲချိန်(၃၇)မိနစ်၌ မက်ဆီ၏ ဘယ်ခြေကန်သွင်းချက် ဂိုးသမား၏ ညာဘက်တိုင်ကို ထိမှန်ခဲ့ပြီးနောက် ယခုရာသီအတွင်း မက်ဆီ၏ ဂိုးတိုင်^ဘားတန်း ထိမှန်မှုမှာ (၁၄)ကြိမ် ရှိလာခဲ့သည်။

Opta မှ အချက်အလက်များစတင်ကောက်ယူခဲ့သည့် ၂၀၀၃-၀၄ ရာသီနောက်ပိုင်း မှတ်တမ်းများအရ မက်ဆီမှာ လာလီဂါ တွင် တစ်ရာသီအတွင်း ဂိုးတိုင်အများဆုံးထိမှန်သည့်စံချိန်တင်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent