လီယွန်ဘေလေကို အင်္ဂလန်အတွက်ရွေးချယ်ရန် ဆောက်ဂိတ် မျက်စိကျ

လီယွန်ဘေလေကို အင်္ဂလန်အတွက်ရွေးချယ်ရန် ဆောက်ဂိတ် မျက်စိကျ
Published 20 February 2018

အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ်သည် လေဗာကူဆင်တောင်ပံကစားသမား လီယွန်ဘေလေကို အင်္ဂလန်အသင်းအတွက်ရွေးချယ်ရန် မျက်စိကျနေကြောင်း သိရသည်။

အသက်(၂၀)နှစ်အရွယ်ရှိ ဘေလေသည် ဂျမေကာနိုင်ငံဖွား ဖြစ်ပြီး ဘွန်ဒစ်လီဂါ၏ အတောက်ပဆုံးလူငယ်ကြယ်ပွင့်များအနက်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။

ဘေလေသည် ဂျမေကာ ယူ-၂၃အသင်းအတွက် ကစားခဲ့ဖူးသော်လည်း သူ၏ ဘိုးဘွားများအနက် (၂)ဦးမှာ ဗြိတိန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင်သူများဖြစ်၍ အင်္ဂလန်အသင်းအတွက် ကစားခွင့်ရှိနေကြောင်း သိရသည်။

Most Recent