ဘရိုက်တန်ကွင်းမှာ အမှတ်ပြည့် ရယူနိုင်ခဲ့တဲ့ ရေပန်းအစားဆုံး မန်စီးတီး

ဘရိုက်တန်ကွင်းမှာ အမှတ်ပြည့် ရယူနိုင်ခဲ့တဲ့ ရေပန်းအစားဆုံး မန်စီးတီး
Published 13 August 2017

 

 

ပရီးမီးယားလိဂ် ပွဲစဉ်(၁) စနေည နောက်ဆုံးပွဲစဉ်အဖြစ် ဘရိုက်တန်နဲ့ မန်စီးတီး အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ရေပန်းအစားဆုံး မန်စီးတီးက (၂)ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ၃-၅-၂ ကစားကွက်နဲ့ ပွဲထွက်လာပြီး တိုက်စစ်မှာ အဂွဲရိုးနဲ့ ဂျေးဆူတို့ကို ပွဲထုတ်ခဲ့သလို၊ တောင်ပံခံစစ်အစွန် ကစားသမားသစ်တွေဖြစ်တဲ့ ဝေါ်လ်ကာ၊ ဒန်နီလိုတို့ကိုလည်း နေရာပေးခဲ့ပါတယ်။

မန်စီးတီးအသင်းက တစ်ပွဲလုံး ဘောလုံးပိုင်ဆိုင်မှု အသာစီးနဲ့ ဖိအားပေး ကစားနိုင်ခဲ့ပေမယ့် ဘရိုက်တန်အသင်း ကြံ့ကြံ့ခံ ကစားခဲ့တာကြောင့် မန်စီးတီး ဂိုးရဖို့ ခက်ခဲခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ ဦးဆောင်ဂိုးကို မိနစ်(၇၀)မှသာ သွင်းယူနိုင်ခဲ့ပြီး ဒေးဗစ်ဆေးလ်ဗား ထိုးပေးတဲ့ ဘောလုံးကို အဂွဲရိုးက အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ အဂွဲရိုးဟာ ပရီးမီးယားလိဂ်မှာ သူရင်ဆိုင်ဖူးတဲ့ အသင်း (၃၁)သင်းထဲက အသင်း(၃၀)ကို ဂိုးသွင်းယူနိုင်ခဲ့တဲ့ မှတ်တမ်းကိုလည်း ပိုင်ဆိုင်သွားခဲ့ပါတယ်။

Photo: Reuters

မန်စီးတီးအသင်းရဲ့ ဒုတိယဂိုးကတော့ (၇၅)မိနစ်မှာ ဘရိုက်တန် နောက်ခံလူ လူးဝစ်ဒန့်ခ် ကိုယ့်ဂိုးကိုယ် သွင်းမိပြီး ရရှိခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာကတော့ လွန်ခဲ့တဲ့ (၇)နှစ်အတွင်း ကစားခဲ့သမျှ လိဂ်ပြိုင်ပွဲ အဖွင့်ပွဲတွေကို အနိုင်ရခဲ့တာပါ။

■ ပရီးမီးယားလိဂ် ရလဒ်များ
ဝက်ဖို့ဒ် ၃-၃ လီဗာပူးလ်
ချယ်လ်ဆီး ၂-၃ ဘန်လေ
ခရစ္စတယ်ပဲလေ့စ် ဝ-၃ ဟတ်ဒါဖီးလ်
အဲဗာတန် ၁-၀ စတုတ်စီးတီး
ဆောက်သမ်တန် ဝ-၀ ဆွမ်ဆီး
ဝက်စ်ဘရွန်း ၁-၀ ဘုန်းမောက်
ဘရိုက်တန် ဝ-၂ မန်စီးတီး

■ လိဂ်ချန်ပီယံရှစ် ရလဒ်များ
ဘန်စလေ ၁-၂ အစ်ဝစ်ချ်
ဘာမင်ဂမ် ၂-၁ ဘရစ္စတိုးလ်စီးတီး
ဘရန့်ဖို့ဒ် ၃-၄ နော်တင်ဟမ်
ကာဒစ်ဖ် ၃-၀ အက်စတွန်ဗီလာ
ဒါဘီ ဝ-၂ ဝုလ်ဗ်
ဟားလ်စီးတီး ၄-၁ ဘာတန်
လိဒ်စ် ဝ-၀ ပရက်စတန်
မီဝေါလ် ၁-၁ ဘော်လ်တန်
ရက်ဒင်း ၁-၁ ဖူလ်ဟမ်
ရှက်ဖီးဝင်းစ်ဒေး ၁-၁ QPR
မစ်ဒယ်ဘရော့ ၁-၀ ရှက်ဖီးယူနိုက်တက်

Most Read

Most Recent