လက်ရှိဂိုးသွင်းနှုန်းကို ဆက်ထိန်းထားမည်ဟု ဆာလာ ကြုံးဝါး

လက်ရှိဂိုးသွင်းနှုန်းကို ဆက်ထိန်းထားမည်ဟု ဆာလာ ကြုံးဝါး
Published 19 February 2018

လီဗာပူးလ်အသင်း၏တောင်ပံတိုက်စစ်မှူး ဆာလာက သူ၏လက်ရှိဂိုးသွင်းနှုန်းကို ဆက်လက်ထိန်းသိမ်းထားမည်ဟု
ကြုံးဝါးသွားခဲ့သည်။

ဆာလာသည် ပြီးခဲ့သည့် ပေါ်တိုနှင့်ချန်ပီယံလိဂ်ပွဲစဉ်တွင် အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးသွင်းပြီးနောက် ပြိုင်ပွဲစုံ သွင်းဂိုး
(၃၀)ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

" လီဗာပူးလ်လိုအသင်းမျိုးမှာ ပထမဆုံရာသီမှာပဲ ဂိုး(၃၀)သွင်းနိုင်ခဲ့လို့ အတော်လေး ကျေနပ်မိပါတယ်။ လက်ရှိဂိုးသွင်းနှုန်းကို ဆက်ထိန်းထားပြီး နောက်ထပ် ဂိုးများစွာသွင်းနိုင်ဖို့ ကြိုးပမ်းသွားပါမယ်''ဟု ဆာလာက ပြောကြားခဲ့သည်။

Most Read

Most Recent