ချယ်လ်ဆီးတွင် ကာလကြာရှည်ဆက်ရှိမည်မဟုတ်ဟု ဟာဇက် အရိပ်အမြွက်ဆို

ချယ်လ်ဆီးတွင် ကာလကြာရှည်ဆက်ရှိမည်မဟုတ်ဟု ဟာဇက် အရိပ်အမြွက်ဆို
Published 19 February 2018

ချယ်လ်ဆီးအဓိကကစားသမား ဟာဇက်က သူသည် စတမ်းဖို့ဒ်ဘရစ်တွင် ပျော်နေသည်ဟု အတိအလင်းဝန်ခံသော်လည်း အနာဂတ်တွင် အသင်းမှထွက်ခွာဖွယ်ရှိသည့်သတင်းများကို မငြင်းဆန်ခဲ့ကြောင်း သိရသည်။

'' ဘောလုံးမှာ ဘာမဆိုဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ဘာမှမဖြစ်သွားတာတွေလည်း ရှိပါတယ်။ နှစ်တိုင်းနှစ်တိုင်း လူတွေက ရီးယဲလ်၊ PSGအကြောင်းပဲ ပြောနေကြတယ်။ ကျွန်တော်ကတော့ အသင်းပြောင်းချင်တဲ့အချိန် ပြောင်းမယ်။ အခုချိန်မှာတော့ ကျွန်တော်ရောက်နေတဲ့နေရာက ကောင်းပါတယ်။ စာချုပ်သက်တမ်းကလည်း (၂)နှစ်ကျန်သေးတယ်။ ပရိသတ်ကလည်း ကျွန်တော့်ကို ချစ်သလို၊ မိသားစုလည်း ဒီမှာ ပျော်ရွှင်နေပါတယ်'' ဟု ဟာဇက်က Telefootသို့ ပြောကြားခဲ့သည်။

ဟာဇက်မှာ ရီးယဲလ်အသင်းနှင့် ကာလကြာရှည်သတင်းထွက်နေပြီး PSG အသင်းကလည်း ခေါ်ယူရန် စိတ်ဝင်စားခြင်းခံနေရသူလည်းဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းမှာမူ ဟာဇက်ကို ခေါ်ယူရန် စိတ်အားထက်သန်နေပြီး ကလပ်စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း(၁၀၀)နှင့်အထက် ပေးရန်အသင့်ရှိနေကြောင်း သိရသည်။

Most Read

Most Recent