ရီးယဲလ်မက်ဒရစ် လာလီဂါသွင်းဂိုး (၆၀၀၀)ပြည့်မြောက်

ရီးယဲလ်မက်ဒရစ် လာလီဂါသွင်းဂိုး (၆၀၀၀)ပြည့်မြောက်
Published 19 February 2018

 

စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်အသင်းသည် လာလီဂါပြိုင်ပွဲတွင် သွင်းဂိုး(၆၀၀၀)ပြည့်မြောက်သည့် ပထမဆုံးအသင်းဖြစ်လာခဲ့ကြောင်း သိရသည်။

ရီးယဲလ်အသင်းမှာ ဘက်တစ်ကို (၅-၃)ဂိုးဖြင့်အနိုင်ရခဲ့သည့်ပွဲတွင် အဆန်စီယိုသွင်းယူသည့် အသင်းအတွက် တတိယဂိုးမှာ သွင်းဂိုး(၆၀၀၀)ပြည့်မှတ်တိုင်ကို ရောက်ရှိခဲ့ခြင်းဖြစ်သည်။

ဥရောပထိပ်တန်းလိဂ်ငါးလိဂ်တွင် ရီးယဲလ်မတိုင်မီ သွင်းဂိုး(၆၀၀၀)ပြည့်ခဲ့သည့် အသင်း(၅)သငိးမှာ အင်္ဂလန်ကလပ်အသင်းများသာ ရှိခဲ့သည်။ ယင်းး(၅)သင်းစာရင်းတွင် အဲဗာတန်၊ အာဆင်နယ်၊ လီဗာပူးလ်၊ အက်စတွန်ဗီလာ၊ မန်ယူအသင်းတို့ပါဝင်လျက်ရှိသည်။

အဲဗာတန်အသင်းမှာမူ သွင်းဂိုး(၇၀၀၀)ပြည့်မြောက်ရန် နီးစပ်လာနေပြီဖြစ်ကြောင်းလည်း သိရသည်။

Most Read

Most Recent