FAဖလားနှင့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

FAဖလားနှင့် ဘွန်ဒစ်လီဂါပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 19 February 2018

ဝီဂန် - မန်စီးတီး (၂၀-၂-၂၀၁၈ နံနက် ၂း၂၅)

ဝီဂန်က League One ရဲ့အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်နေပြီး လိဂ်ချန်ပီယံရှစ်ကိုပြန်တက်နိုင်ဖို့ အခြေအနေ ကောင်းနေတယ်။ FA ဖလားပြိုင်ပွဲမှာလည်း ခြေစွမ်းပြနေပြီး တိုက်စစ်မှူး ဂရစ်က သွင်းဂိုး (၆)ဂိုးနဲ့ ဒီရာသီမှာ ဂိုးသွင်းအများ ဆုံးကစားသမားအဖြစ် ရပ်တည်နေတာတွေ့ရတယ်။ ပြီးခဲ့တဲ့ အဆင့်တွေမှာ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ ဘုန်းမောက် နဲ့ ဝက်စ်ဟမ်းတို့ကို အိမ်ကွင်းမှာ ကျော်ဖြတ်လာခဲ့တယ်။ မန်စီး တီးက ပွဲဆက်တွေများနေပြီး အရန်တွေနဲ့ပွဲထွက်လာလိမ့်မယ်။ မန်စီးတီး နိုင်ဖို့ရှိပေမယ့် ဂိုးမပြတ်လောက်ဘူး။

ဖရန့်ဖတ် - လိုက်ပ်ဇစ် (၂၀-၂-၂၀၁၈ နံနက် ၂း၀၀)

အမှတ်ပေးဇယားထိပ်ဆုံး (၄)သင်းစာရင်းဝင် အသင်းတွေဖြစ်လို့ (၂)သင်းစလုံးအမှားလုပ်လု့ိမရပါဘူး။ ရှုံးတဲ့အသင်းက ရပ်တည်မှုအပိုင်းမှာ သက်ရောက်မှုကြီးမားနေတယ်။ လိုက်ပ်ဇစ်က အဝေးကွင်းနိုင်ပွဲပြန်တွေ့ထားပေမယ့် နာပိုလီနဲ့ ယူရိုပါလိဂ် ပွဲကျပ်ရှိတဲ့ ကြားကာလဖြစ်တာသတိပြုရမှာပါ။ ဖရန့်ဖတ်ကိုပဲရွေးချင်တယ်။

 

Most Read

Most Recent