လီဗာပူးလ်အသင်း၏ ၁၈၉၇ နောက်ပိုင်း အကောင်းဆုံးဂိုးသွင်းစံချိန်ကို ဆာလာရရှိ

လီဗာပူးလ်အသင်း၏ ၁၈၉၇ နောက်ပိုင်း အကောင်းဆုံးဂိုးသွင်းစံချိန်ကို ဆာလာရရှိ
Published 19 February 2018

 

 

လီဗာပူးလ်တိုက်စစ်မှူး ဆာလာသည် ပြီးခဲ့သည့်တစ်ပတ်က ကစားခဲ့သော ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ် ပေါ်တို(ဝ-၅)လီဗာပူးလ်ပွဲ၌ တစ်ဂိုးသွင်းယူခဲ့ရာ ၁၈၉၇ ခုနှစ်နောက်ပိုင်း အကောင်းဆုံးဂိုးသွင်းစံချိန်ကို ရရှိခဲ့ကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

၎င်းမှာ ၁၈၉၆-၉၇ ရာသီနောက်ပိုင်း ပွဲအနည်းဆုံးဖြင့် ဂိုး(၃၀)ရရှိသည့် လီဗာပူးလ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်သည်။ ပေါ်တိုနှင့်ပွဲမှာ လီဗာပူးလ်အသင်းအတွက် ဆာလာ၏ (၃၆)ပွဲမြောက်ပွဲဖြစ်ပြီး ယင်းပွဲတွင် ပြိုင်ပွဲစုံ(၃၀)ဂိုးမြောက်ဂိုးကို သွင်းယူခဲ့ခြင်းဖြစ်သည်။

၁၈၉၆ -၉၇ ရာသီက လီဗာပူးလ်တိုက်စစ်မှူး ဂျော့ချ်အယ်လန်မှာ (၂၇)ပွဲဖြင့် ဂိုး(၃၀)သွင်းယူနိုင်ခဲ့ပြီး ၎င်းနောက်ပိုင်း ဆာလာ၏ဂိုးသွင်းနှုန်းမှာ အကောင်းဆုံးဖြစ်ကြောင်း သိရှိရသည်။

Most Read

Most Recent