အယ်လ်ဒါဝီရယ်လ်၏အခြေအနေကို မန်ယူ စောင့်ကြည့်

အယ်လ်ဒါဝီရယ်လ်၏အခြေအနေကို မန်ယူ စောင့်ကြည့်
Published 15 February 2018

 

 

Photo: Evening Standard

 

မန်ယူအသင်းတာဝန်ရှိသူများသည် စပါးအသင်းမှ ဘယ်လ်ဂျီယံနောက်ခံလူ အယ်လ်ဒါဝီရယ်လ်၏အခြေအနေကိုစောင့်ကြည့်နေကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။

အယ်လ်ဒါဝီရယ်လ်(၂၈ နှစ်)သည် စပါးအသင်းနှင့် စာချုပ်သက်တမ်း (၁၈)လသာကျန်ရှိတော့ပြီး၊ ပြီးခဲ့သည့်ချန်ပီယံလိဂ်ပွဲစဉ် ဂျူဗင်တပ်စ်-စပါးပွဲတွင် အီတလီသို့မလိုက်ပါရဘဲ ချန်လှပ်ခံရခြင်းကြောင့် အသင်းတွင် သူ၏အနာဂတ်မရေရာတော့ဟု သတင်းများထွက်ပေါ်နေသည်။

သူ၏စာချုပ်ပါလျော်ကြေးမှာ ပေါင်(၂၅)သန်းဖြစ်ပြီး နောက်တန်းကို အားဖြည့်ရန်စီစဉ်နေသည့် မန်ယူနည်းပြ မော်ရင်ဟိုက ၎င်းအားခေါ်ယူရန် စိတ်ဝင်စားနေကြောင်း Manchester Evening News သတင်းစာက ဖော်ပြခဲ့သည်။

Most Read

Most Recent