ဟာဇက်နှင့် ကော်တိုအာကို မရောင်းရန် ဂျရူး တောင်းဆို

ဟာဇက်နှင့် ကော်တိုအာကို မရောင်းရန် ဂျရူး တောင်းဆို
Published 15 February 2018

 

Photo: Metro

ချယ်လ်ဆီးအသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂျရူးက အသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်နှင့် ဘယ်လ်ဂျီယံဂိုးသမား ကော်တိုအာတို့ကို မရောင်းချရန် အသင်းတာဝန်ရှိသူများကို တောင်းဆိုလိုက်သည်။

၎င်းတို့နှစ်ဦးမှာ လက်ရှိတွင် ချယ်လ်ဆီးအသင်းနှင့် စာချုပ်သစ်မချုပ်ဆိုရသေးသလို၊ စပိန် အသင်းကြီးဖြစ်သည့် ရီးယဲလ်အသင်းကလည်း နှစ်ဦးစလုံးအားခေါ်ယူရန် ပစ်မှတ်ထားနေသည်။

ဂျရူးက "သူတို့(ဟာဇက်နှင့် ကော်တိုအာ)နှစ်ဦးစလုံးဟာ ကစားသမားကောင်းတွေပါ။ ဒီအသင်းမှာလည်း သူတို့ရဲ့စွမ်းဆောင်ရည်ကို ပြသခဲ့ပြီးပါပြီ။ အသင်းတာဝန်ရှိသူတွေအနေနဲ့ သူတို့ကို အသင်းမှာ ဆက်ထိန်းသိမ်းထားနိုင်ဖို့ ကြိုးစားရမှာပါ" ဟု ပြောကြားခဲ့သည်။

Most Read

Most Recent