အန်ဒါလက်ချ်တွင် လူကာကူ ကစားသမားဘဝအဆုံးသတ်လို

အန်ဒါလက်ချ်တွင် လူကာကူ ကစားသမားဘဝအဆုံးသတ်လို
Published 15 February 2018

 

Photo: FourFourTwo

မန်ယူအသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်တိုက်စစ်မှူး လူကာကူက သူ၏ကစားသမားဘဝကို ဘယ်လ်ဂျီယံကလပ် အန်ဒါလက်ချ်အသင်းတွင်သာ အဆုံးသတ်လိုသည်ဟု ဝန်ခံပြောကြားခဲ့သည်။

လူကာကူသည် ၂၀၀၆ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိ အန်ဒါလက်ချ်အကယ်ဒမီတွင် လူငယ်ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီး ၂၀၀၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အန်ဒါလက်ချ်အသင်းကြီးတွင် ကစားကာ ချယ်လ်ဆီးသို့ ရောက်ရှိခဲ့သူဖြစ်သည်။

လူကာကူက "အန်ဒါလက်ချ် အသင်းမှာ ပြန်ကစားဖို့က ကျွန်တော့်ရဲ့အိပ်မက်တစ်ခုပါ။ တစ်နေ့နေ့တစ်ချိန်ချိန် အဲဒီမှာပြန်ကစားပြီး ကစားသမားဘဝအဆုံးသတ်သွားပါမယ်။ ဒါကို ကျွန်တော် ကတိပေးနိုင်ပါတယ်"ဟု ပြောကြားခဲ့သည်။

Most Read

Most Recent