ပေါင်ဒဏ်ရာကြောင့် ဟာရဲရား ရက်ရှည်အနားယူရဖွယ်ရှိ

ပေါင်ဒဏ်ရာကြောင့် ဟာရဲရား ရက်ရှည်အနားယူရဖွယ်ရှိ
Published 15 February 2018

 

Photo: The Sun

 

 

မန်ယူအသင်း၏စပိန်ကွင်းလယ်လူ ဟာရဲရားသည် ပေါင်ဒဏ်ရာကြောင့် ရက်ရှည်အနားယူရဖွယ်ရှိနေကြောင်း သိရသည်။

ဟာရဲရားသည် ဇန်နဝါရီလကုန်က စပါးအသင်းအား (ဝ-၂)ဂိုးဖြင့်ရှုံးနိမ့်ခဲ့သောပွဲစဉ်တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

သူ့အနေဖြင့် ချယ်လ်ဆီး၊ လီဗာပူးလ်အစရှိသည့် အသင်းများနှင့်ကစားရမည့် ပရီးမီးယားလိဂ်ပွဲစဉ်များကို လွဲချော်ဖွယ်ရှိသည့်အပြင် ဆီဗီလာနှင့်ကစားရမည့် ချန်ပီယံလိဂ်ရှုံးထွက်ပွဲစဉ် နှစ်ကျော့စလုံးတွင်လည်း ပါဝင်နိုင်ဖွယ်မရှိကြောင်း သိရသည်။

Most Read

Most Recent