<

PSG သို့ ပြောင်းရွှေ့လိုကြောင်း စီရော်နယ်လ်ဒိုပြောကြားခဲ့မှု ထွက်ပေါ်လာ

Photo: irishexaminer

ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုသည် ၂၀၁၂ ခုနှစ်အတွင်းက PSG အသင်းသို့ ပြောင်းရွှေ့ကစားလိုသည်ဟု မိတ်ဆွေတစ်ဦးထံသို့ Message ဖြင့် ပြန်ပြောထားမှုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက ဖွင့်ချခဲ့သည်။

ယင်းမဂ္ဂဇင်းမှ ဖော်ပြချက်တွင် စီရော်နယ်လ်ဒိုက “ကျွန် တော် ပါရီကိုသွားချင်တယ်။ အဲဒီမှာရှိတဲ့သူတွေက ကျွန်တော့်ကို နှစ်သက်ကြပါတယ်။ သူတို့ရဲ့ အမှတ်ပေးပြိုင်ပွဲမှာ ကျွန်တော်ကစားရင် ပြင်သစ်တွေ အရမ်းပျော်မှာပါ။ ကျွန်တော့်အတွက် လည်း Ballon d’Or ဆုရဖို့ မီဒီယာတွေက လှုံ့ဆော်ပေးပါလိမ့်မယ်”ဟု ပြောကြားခဲ့သည်။

ယင်းအကြောင်းအရာမှာ ဖေဖော်ဝါရီ(၁၄)ရက်တွင် ကစားမည့် ရီးယဲလ်-PSG ချန်ပီယံလိဂ်ပွဲမတိုင်မီ အချိန်ကိုက်ထွက်ပေါ်လာခြင်းဖြစ်သည်။

February 13, 2018














Copy Protected by Chetan's WP-Copyprotect.