<

Ballon d’Or ဆုအတွက် မိမိအပါအ၀င် (၅)ဦး ယှဉ်ပြိုင်ရမည်ဟု ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ သုံးသပ်

Photo:FIFA

ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက လာမည့် ၂၀၁၈ Ballon d’Or ဆုအတွက် မိမိအပါအ၀င် (၅)ဦးယှဉ် ပြိုင်သွားရမည်ဖြစ်ကြောင်း World Soccer မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

မက်ဆီသည် ယင်းဆုကို (၅) ကြိမ်တိုင်ဆွတ်ခူးခဲ့ပြီး အကြိမ်အများ ဆုံးဆွတ်ခူးနိုင်သူအဖြစ် တစ်ဦးတည်း ရပ်တည်ခဲ့ရာမှ ယခုနှစ်တွင် ရီးယဲလ် တိုက်စစ်မှူး စီရော်နယ်လ်ဒိုက လိုက် မီသွားခဲ့သည်။

Ballon d’Or ဆုအား ၂၀၀၇ ခုနှစ်က ကာကာ ဆွတ်ခူးခဲ့ ပြီးနောက်ပိုင်းတွင် မက်ဆီနှင့် စီရော် နယ်လ်ဒိုတို့နှစ်ဦးသာ တစ်လှည့်စီ ရယူသလိုဖြစ်နေခဲ့သည်။

သို့ရာတွင် လက်ရှိအချိန်တွင် စီရော်နယ်လ်ဒိုမှာ အသက်(၃၃)နှစ်ဖြစ်လာသလို၊ မက်ဆီမှာလည်း အသက်(၃၀)နှစ်ဖြစ် လာ၍ ကမ္ဘာ့အကောင်းဆုံးကစား သမားဆိုသည့်ဂုဏ်ပုဒ်ကို ၎င်းင်းတို့ထံမှ လွှဲပြောင်းရယူရန် ပစ်မှတ်ထားသူ များ ပေါ်ထွက်လာခဲ့သည်။

မက်ဆီကလည်း ယင်းအခြေအနေကို လက်ခံခဲ့ ပြီး ယခုနှစ် Ballon d’Or ဆုအတွက် ပြိုင်ဆိုင်မှုမှာ သူ၏သက်တမ်းတစ် လျှောက် အပြင်းထန်ဆုံးဖြစ်လာလိမ့်မည်ဟု သုံးသပ်ခဲ့သည်။

February 13, 2018














Copy Protected by Chetan's WP-Copyprotect.