ယူရိုပါလိဂ်တွင် ကြယ်ပွင့်များကို အာစင်ဝင်းဂါး အနားပေးမည်မဟုတ်

ယူရိုပါလိဂ်တွင် ကြယ်ပွင့်များကို အာစင်ဝင်းဂါး အနားပေးမည်မဟုတ်
Published 13 February 2018

အာဆင်နယ်အသင်းနည်းပြ အာစင်ဝင်းဂါးက ယူရိုပါလိဂ်တွင် ကြယ်ပွင့်ကစားသမားများကို အနားပေးမည်မဟုတ် ကြောင်း အတည်ပြုပြောကြားခဲ့သည်။

အာဆင်နယ်အသင်းသည် မြောက်လန်ဒန်ဒါဘီတွင် စပါးအသင်းကို ရှုံးနိမ့်ခဲ့ပြီး နောက် ပရီးမီးယားလိဂ်၌ အဆင့်(၄)အတွင်း ဝင်ရောက်နိုင်ရန် ခက်ခဲသွားခဲ့သည်။

ထို့ပြင် FA ဖလားပြိုင်ပွဲမှလည်း ထွက်ခဲ့ ရပြီဖြစ်ရာ ယူရိုပါလိဂ်မှာ အာဆင်နယ်အသင်းအတွက်မျှော်လင့်ချက်ဖြစ်လာပြီး အာစင်ဝင်းဂါးက ကြယ်ပွင့်ကစားသမား များကို အနားပေးရန်မရှိကြောင်းနှင့် ပုံမှန်ပွဲထွက်လူစာရင်းကို အသုံးပြုသွားမည်ဖြစ်ကြောင်း ဆိုခဲ့သည်။

Most Read

Most Recent