<

ချန်ပီယံလိဂ် ရှုံးထွက်(၁၆)သင်းအဆင့်(ပထမအကျော့)ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ်စ် နှင့် စပါး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၄ နံနက် ၂း၁၅ နာရီ)

ဂျူဗင်တပ်စ်က ဒီရာသီစီးရီးအေမှာ အဆင့် (၂)နေရာ ရပ်တည်နေပြီး (၂၄)ပွဲမှာ (၆၂)မှတ်ယူထားနိုင်တယ်။ စပါးထက် လိဂ်ပွဲရလဒ်ပိုကောင်းနေတာတွေ့ရတယ်။ ဒါ့အပြင် နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ် (၁၁)ပွဲဆက်အနိုင်ရထားတယ်။ ချန်ပီယံလိဂ်မှာ ဘာစီလိုနာနဲ့ ဂိုးမရှိသရေကျပြီးကတည်းက (၁၅)ပွဲမှာ အင်တာမီလန်တစ်သင်းတည်းကို သရေကျပြီး (၁၄)ပွဲနိုင်တယ်။ ဂိုးပေးရ တဲ့ပွဲကလည်း (၁)ပွဲပဲရှိပြီး (၁၅)ပွဲမှာ (၁၄)ပွဲ Clean Sheet ယူနိုင်ခဲ့တယ်။ ဒီလောက်အရှိန်ကောင်း၊ ရလဒ်ကောင်းနေတာ လက် ရှိဥရောပလိဂ်ပြိုင်ပွဲတွေမှာ ဂျူဗင်တပ်စ်တစ်သင်းပဲရှိတယ်။ စပါးက မန်ယူ၊ လီဗာပူးလ်၊ အာဆင်နယ် (၃)ပွဲမှာ (၇)မှတ်ယူနိုင်ခဲ့ ပြီး ချန်ပီယံလိဂ်မှာ ရီးယဲလ်နဲ့ ဒေါ့မွန်ကိုကျော်ကာ အုပ်စုဗိုလ်ယူခဲ့တဲ့အသင်းပါ။ ဒါပေမဲ့ ရှုံးထွက်လိုအဆင့်မျိုးမှာ အတွေ့အကြုံက အရေးကြီးတယ်။ ဂျူဗင်တပ်စ်က နောက်ဆုံး (၃)နှစ်မှာ နှစ်ကြိမ်ဗိုလ်လုပွဲတက်ထားတဲ့အသင်းဖြစ်ပြီး ဒီပွဲကိုအနိုင်ကစားလိမ့်မယ်။

ဘေဆယ် နှင့် မန်စီးတီး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီ ၁၄ နံနက် ၂း၁၅ နာရီ)

ဘေဆယ်ရဲ့လက်ရှိအနေအထားက မန်စီးတီးနဲ့ အရမ်း ကွာပါတယ်။ အုပ်စုအဆင့်တုန်းက မန်စီးတီးရဲ့မြို့ခံပြိုင်ဘက် မန်ယူအသင်းနဲ့ အတူကျခဲ့ပြီး အိမ်ကွင်းမှာ (၁-၀)ဂိုးနဲ့နိုင်၊ အဝေး ကွင်းမှာ (၀-၃)နဲ့ ရှုံးခဲ့တယ်။ ချန်ပီယံလိဂ်အိမ်ကွင်း (၃)ပွဲမှာ မန် ယူအပြင်၊ ဘင်ဖီကာကိုလည်း (၅-၀)နဲ့နိုင်ခဲ့ပြီး CSKA မော်စကို ကိုတော့ ရှုံးခဲ့တယ်။ တိုက်စစ်ပိုင်းမှာ အိုဘာလင်ခြေစွမ်းပြနေပြီး (၄)ဂိုးသွင်းထားတယ်။ ဒါပေမဲ့ မန်စီးတီးက ဒီရာသီချန်ပီယံလိဂ် ရဲ့ ရေပန်းအစားဆုံးအသင်းဖြစ်သလို၊ အရေးမပါတော့တဲ့ နောက် ဆုံးရှုံးပွဲမတိုင်ခင်အထိ အိမ်ကွင်း၊ အဝေးကွင်းမရွေး (၅)ပွဲဆက် နိုင်ခဲ့တယ်။ လက်ရှိခြေစွမ်းနဲ့ ရလဒ်ပိုင်းကလည်း တော်တော်လေး ကွာနေပါပြီ။ မန်စီးတီးပဲ အဝေးကွင်းမှာအနိုင်ရလိမ့်မယ်။














Copy Protected by Chetan's WP-Copyprotect.