အကောင်းဆုံး PSG အသင်းကို ရီးယဲလ်အသင်း ရင်ဆိုင်ရလိမ့်မည်ဟု ကာဗာနီ ကြုံးဝါး

အကောင်းဆုံး PSG အသင်းကို ရီးယဲလ်အသင်း ရင်ဆိုင်ရလိမ့်မည်ဟု ကာဗာနီ ကြုံးဝါး
Published 13 February 2018

Photo: Getty Images

PSG အသင်း၏ တိုက်စစ်မှူး ကာဗာနီက ရီးယဲလ်အသင်းသည် ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ရင်ဆိုင်ခဲ့ဖူးသမျှပြိုင်ဘက်များအနက် အကောင်းဆုံးအသင်းတစ်သင်းကို မကြာမီ ရင်ဆိုင်ရလိမ့်မည်ဟု ကြုံးဝါးပြောကြားခဲ့သည်။

PSG အသင်းသည် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်တွင် လက်ရှိချန်ပီယံရီးယဲလ်အသင်းနှင့် ဆုံတွေ့နေပြီး ယခုတစ်ပတ်တွင် ပထမအကျော့အဖြစ် ရီးယဲလ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ထို့ကြောင့် ကာဗာနီက ယင်းပွဲအကြို စကားလုံးတိုက်ပွဲဆင်နွှဲခဲ့ခြင်းလည်းဖြစ်ပြီး "ကျွန်တော်တို့အသင်းက အကောင်းဆုံးအချိန်ကာလတစ်ခုကို ဖြတ်သန်းနေတာပါ။ ထိပ်တန်းကစားသမားတွေကို ခေါ်ယူအားဖြည့်နိုင်ခဲ့တာကြောင့်လည်း အားလုံးက ယုံကြည်မှုအပြည့်ရှိနေပြီး ချန်ပီယံလိဂ်အပါအဝင် ပြိုင်ပွဲအားလုံးမှာ အောင်မြင်မှုရယူသွားဖို့ ဆန္ဒပြင်းပြနေကြပါတယ်။ အသင်းရဲ့လက်ရှိအနေအထားက ကမ္ဘာ့အကောင်းဆုံးအသင်းတွေထဲက တစ်သင်းဖြစ်နေပါတယ်။ ရီးယဲလ်အသင်းအနေနဲ့ အကောင်းဆုံး PSG အသင်းကို ရင်ဆိုင်ရပါလိမ့်မယ်" ဟုပြောကြားခဲ့သည်။

ထို့ပြင် ကာဗာနီက ၎င်းအနေဖြင့် bicycle kick နှင့် ဂိုးသွင်းယူနိုင်ခြင်းမရှိသေးကြောင်း၊ အသင်းအတွက် ထိပ်တန်းဆုဖလားတစ်ခုကို ယင်းကဲ့သို့သွင်းဂိုးနှင့်အတူ ရယူပေးနိုင်ရန် အမြဲအိပ်မက်မက်နေကြောင်း၊ ဥပမာ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

Most Read

Most Recent