<

■ ၀ဲလ်ရှိုင်းယားကို လာမယ်လာ ဆဲဆိုခဲ့ဟု Daily Mail ဖော်ပြ

 

Photo: AFP

 

စပါး(၁-၀)အာဆင်နယ်ပွဲအပြီးတွင် စပါးကွင်းလယ်လူ လာမယ်လာသည် အာဆင်နယ်ကွင်းလယ်လူ ဂျက်ဝဲလ်ရှိုင်းယားအား ဆဲဆိုခဲ့ကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြခဲ့သည်။

ယင်းပွဲ၏ ပွဲချိန်(၇၉)မိနစ်တွင် လာမယ်လာသည် ၀ဲလ်ရှိုင်းယားအား ကြမ်းတမ်းစွာဖျက်ထုတ်ကစားမှုကြောင့် အ၀ါကတ်ပြခံခဲ့ရပြီး ထိုစဉ်ကတည်းက ၎င်းတို့နှစ်ဦး ရန်စောင်ခဲ့ကြသည်။

ပွဲအပြီးတွင် ၎င်းတို့နှစ်ဦး အပြန်အလှန်အော်ဟစ်ပြောဆိုခဲ့ပြီး ခိုက်ရန်ဖြစ်ပွားမည့်အသွင်ဆောင်လာ၍ နှစ်ဖက်အသင်းသားများက ကြားဝင်ဖျန်ဖြေပေးခဲ့ရသည်။

ယင်းဖြစ်ရပ်တွင် အာဂျင်တီးနားကွင်းလယ်လူ လာမယ်လာသည် အင်္ဂလန်ကွင်းလယ်လူ ၀ဲလ်ရှိုင်းယားအား “F***k You, P***y ” ဟု ဆဲဆိုခဲ့ကြောင်း Daily Mail သတင်းစာက (ရုပ်သံပြကွက် များတွင် လာမယ်လာ၏ ပါးစပ်လှုပ်ပုံကို ခန့်မှန်းသုံးသပ်၍) ဖော်ပြခဲ့သည်။

February 11, 2018














Copy Protected by Chetan's WP-Copyprotect.