■ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

■ ပရီးမီးယားလိဂ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
Published 11 February 2018

 

 

Photo: Soccerway

■ ဟတ်ဒါဖီးလ် နှင့် ဘုန်းမောက် (၁၁-၂-၂၀၁၈) တနင်္ဂနွေ ညနေ ၆း၃၀ နာရီ

ဟတ်ဒါဖီးလ်က တန်းဆင်းဇုန်ထဲရောက်နေပြီး ရာသီအစက ရလဒ်တွေဆိုးခဲ့တဲ့ ဘုန်းမောက်ကတော့ အကောင်းဆုံးဖြတ်သန်းမှုတွေနဲ့အဆင့် (၉)နေရာအထိ ရောက်လာတာကိုတွေ့ရတယ်။ ပထမအကျော့တုန်းကလည်း ဂိုးပြတ်နိုင်ထားပြီး ဒီပွဲမှာလည်း ဘုန်းမောက်ပဲ (၁-၂)လောက်နဲ့ထပ်နိုင်မယ်။

 

■ နယူးကာဆယ် နှင့် မန်ယူ (၁၁-၂-၂၀၁၈) တနင်္ဂနွေ ည ၈း၄၅ နာရီ

နယူးကာဆယ်က နောက်ဆုံး (၆)ပွဲမှာ တစ်ပွဲပဲနိုင်ထားပြီး မန်ယူက (၄)ပွဲနိုင်ထားတယ်။ လက်ရှိခြေစွမ်းရော၊ ရလဒ်ရော၊ယုံကြည်မှုရောကွာတယ်။ ဟတ်ဒါဖီးလ်နဲ့ပွဲက အသင်းကိုပဲ မန်ယူ ပြန်အခြေခံထားတည်ဆောက်မှာဖြစ်ပြီး အဝေးကွင်းမှာ နိုင်ပွဲယူလိမ့်မယ်။

 

■ ဆောက်သမ်တန် နှင့် လီဗာပူးလ် (၁၁-၂-၂၀၁၈) တနင်္ဂနွေ ည ၁၁း၀၀ နာရီ

ဆောက်သမ်တန်နဲ့ဗန်ဒိုက် ပြန်ရင်ဆိုင်ရမယ်။ ဗန်ဒိုက်အတွက် ဖိအားများမယ့်ပွဲဖြစ်ပြီး လက်ရှိရင်ဆိုင်နေရတဲ့ ဝေဖန်မှုတွေကြောင့်လည်းပိုခက်ခဲနိုင်တယ်။ လက်ရှိအချိန်မှာ ဆောက်သမ်တန်က ရှုံးပွဲတွေဝေးလာတာကြောင့် လီဗာပူးလ် ခက်ခဲလိမ့်မယ်။ သရေကျနိုင်တယ်။ နိုင်ရင်လည်း Margin ကျဉ်းပါမယ်။

Most Read

Most Recent