<

အောင်မြင်မှုများအတွက် မန်ချက်စတာယူနိုက်တက်သို့ ပြောင်းရွှေ့ခဲ့ခြင်းဟု အွန်နရီနှင့် ဆုံတွေ့ချိန်တွင် ဆန်းချက်ဇ် ဖွင့်ဟ

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်က ကစားသမားဘ၀ပိုမိုဖွံ့ဖြိုးတိုးတက်ရန်နှင့် အောင်မြင်မှုများရရှိရန်အတွက် အာဆင်နယ်အသင်းကို စွန့်ခွာခဲ့ခြင်းဖြစ်ကြောင်း အာဆင်နယ်ဂန္ထ၀င်အွန်နရီနှင့် ဆုံတွေ့ချိန်တွင် ပြောကြားခဲ့သည်။

အွန်နရီနှင့် အင်တာဗျူးပြုလုပ်နေသည့် ဆန်းချက်ဇ်
ဟတ်ဒါဖီးလ်နှင့်ပွဲတွင် တွေ့ရသည့် ဆန်းချက်ဇ်

Sky Sports ရုပ်သံအတွက် အွန်နရီသည် အလက်ဆစ်ဆန်းချက်ဇ်နှင့် အင်တာဗျူးအစီအစဉ်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အလက်ဆစ်ဆန်းချက်ဇ်က ” ဒီအသင်းကို ရောက်လာလို့၊ ဒီလိုစကားမျိုးပြောတာမဟုတ်ပါဘူး။ ကျွန်တော်က ရိုးသားတဲ့လူတစ်ဦးဖြစ်ပြီး ဘယ်တုန်းကမှ လိမ်ညာမပြောဖူးပါဘူး။ မန်ချက်စတာယူနိုက်တက်ဟာ အင်္ဂလန်မှာ အကြီးကျယ်ဆုံးအသင်းတစ်သင်းပါပဲ။ ယူနိုက်တက်ဟာ ဆုဖလားအားလုံးကို စိန်ခေါ်နိုင်စွမ်း ရှိနေပါတယ်။ ဒီအတွက် ကျွန်တော်ယူနိုက်တက်ကို ပြောင်းလာတာပါပဲ” ဟု ပြောကြားခဲ့သည်။

February 10, 2018














Copy Protected by Chetan's WP-Copyprotect.