<

ချယ်လ်ဆီးအသင်း အဆင့်(၄)အတွင်းမ၀င်ပါက ကွန်တီကို ရာထူးမှထုတ်ပယ်ရန် အေဘရာမိုဗစ်ခ်ျ ဆုံးဖြတ်မည်

 

 

 

Photos: Daily Mail,Getty Images

 

 

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျ သည် နည်းပြဖြစ်သူ ကွန်တီ၏အနာဂတ်အား ချန် ပီယံလိဂ်ဝင်ခွင့်ရရှိမှုအပေါ်မူတည်၍ ဆုံးဖြတ် သွားမည်ဖြစ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့ကြသည်။ အေဘရာမိုဗစ်ခ်ျသည် သူ၏ချယ်လ်ဆီးအသင်းအား ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အမြဲယှဉ်ပြိုင်ခွင့်ရရှိရန်ဆန္ဒရှိနေပြီး အကယ်၍ ချန်ပီယံလိဂ်ဝင်ခွင့်နှင့်လွဲချော်ပါက ကွန်တီအ ပေါ် သည်းခံခွင့်လွှတ်လိမ့်မည်မဟုတ်ဟု ဗြိတိန် သတင်းစာ The Sun က ဖော်ပြခဲ့သည်။

၂၀၁၈ ခုနှစ်အတွင်းရောက်ရှိလာချိန်၌ ချယ်လ်ဆီးအသင်းမှာ ရလဒ်ဆိုးများကိုကြုံတွေ့ နေရပြီး နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံ(၁၀)ပွဲတွင် နိုင်ပွဲ(၃)ပွဲသာရရှိခဲ့သည်။ နောက်ဆုံးကစားခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်(၂)ပွဲတွင်လည်း (၇) ဂိုးအထိပေးခဲ့ရကာ ဘုန်းမောက်၊ ၀က်ဖို့ဒ်အစရှိသည့် ပရီးမီးယားလိဂ်အသင်းများကို ရှုံးပွဲဆက်ခဲ့သည်။ လက်ရှိအချိန်တွင် ကွန်တီနှင့်ပတ်သက်၍ ထင်ကြေးသတင်းများစွာထွက်ပေါ်နေပြီး ၎င်းနေရာအစားထိုးမည့်နည်းပြများ၏ အမည်စာရင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

ချယ်လ်ဆီးအသင်းသည် ပြီးခဲ့သည့်တနင်္လာနေ့က ၀က်ဖို့ဒ်အသင်းအား ရှုံးနိမ့်ခဲ့ပြီးနောက် ဗြိတိန်ရှိလောင်းကစားဒိုင်များတွင် “နည်းပြကွန် တီ မနက်ဖြန်ထုတ်ပယ်ခံရမည်”ဆိုသည့် လောင်းကြေးဖွင့်မှုကို ရပ်ဆိုင်းလိုက်ကြောင်း သိရှိရသည်။ ကွန်တီကမူ သူ၏နည်းပြရာထူးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုမရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန် တော့်ရဲ့ရာထူးအတွက် ကျွန်တော် စိုးရိမ်ပူပန်မှု မရှိပါဘူး။ ကျွန်တော် နေ့တိုင်း ကြိုးစားလုပ်ပြီး အသင်းအတွက် (၁၂၀)ရာခိုင်နှုန်းပေးဆပ်ထားတာပါ။ ဒါပေမဲ့ ကလပ်အသင်းကတော့ မတူညီတဲ့ရှု ထောင့်ကစဉ်းစားပြီး ကွဲပြားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်နိုင်ပါတယ်။ ကျွန်တော့်အတွက်က ပူပန်စရာမရှိပါဘူး။ မနက်ဖြန်ဆိုတာလည်း ကျွန်တော့်အတွက် ပုံမှန်နောက်ထပ်နေ့ရက်တစ်ခုပါ ပဲ။ ကျွန်တော် ချယ်လ်ဆီးနည်းပြအဖြစ် ဆက်ရှိရင်ရှိမယ်၊ မရှိရင် မရှိဘူး။ ဘာလို့ ကျွန်တော့်အတွက် ပြဿနာရှိနေရမှာလဲ။ ကျွန်တော့်ရဲ့အသိစိတ်က အစဉ်အမြဲရှင်းလင်းပြီးသားပါ”ဟု ပြောကြားခဲ့သည်။

လက်ရှိတွင် အသင်းလက်မဲ့ဖြစ်နေသော စပိန်လူမျိုးနည်းပြ လူးဝစ်အင်းနစ်၊ အီတလီလူမျိုး နည်းပြ အန်ဆယ်လော့တီတို့မှာ ချယ်လ်ဆီးနည်းပြဖြစ်လာရန် ထိပ်ဆုံးမှ ရေပန်းစားလျက်ရှိနေကြသည်။

February 7, 2018














Copy Protected by Chetan's WP-Copyprotect.