<

အူဘာမီယန်း ပွဲဦးထွက်မှာ ဂိုးသွင်းပြီး ရမ်ဆေး၊ မစ်ခီတာရီယန်တို့ ခြေစွမ်းပြမှုနဲ့ အာဆင်နယ် ဂိုးပြတ်အနိုင်ရ

 

ပရီးမီးယားလိဂ်ပွဲစဉ်(၂၆) စနေည နောက်ဆုံးပွဲအဖြစ် အာဆင်နယ်နဲ့ အဲဗာတန်တို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အာဆင်နယ်က (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးသစ် အူဘာမီယန်းကို ပွဲထုတ်လာပြီး မစ်ခီတာရီယန်၊ အိုဇေးလ်၊ အီဝိုဘီတို့နဲ့ တွဲကစားစေခဲ့ပါတယ်။ ကွင်းလယ်မှာ ချာကာ၊ ရမ်ဆေး၊ နောက်တန်းမှာတော့ မွန်ရီယဲလ်၊ ကိုစီယဲလ်နီ၊ မူစတာဖီ၊ ဘယ်လာရင်တို့ ပွဲထွက်လာပြီး ဂိုးသမားအဖြစ် ပီတာချက် ကစားခဲ့ပါတယ်။

အဲဗာတန်ကတော့ အာဆင်နယ်ကစားသမားဟောင်း ဝေါလ်ကော့ကို နီယာဆီ၊ ဘိုလာဆီတို့နဲ့တွဲကာ တိုက်စစ်ကိုခင်းကျင်းခဲ့ပြီး ကွင်းလယ်မှာ မာတီနာ၊ ဂေးယီ၊ ရှနိုက်ဒါလင်၊ ကင်နီ၊ နောက်တန်းမှာ မန်ဂါလာ၊ ၀ီလျံစ်၊ မိုက်ကယ်ကိန်းနဲ့ ဂိုးသမား ပစ်ဖို့ဒ်တို့ ပွဲထွက်လာပါတယ်။

အာဆင်နယ် ကစားသမားသစ်တွေဖြစ်တဲ့ မစ်ခီတာရီယန်နဲ့ အူဘာမီယန်းတို့ဟာ အသင်းကစားကွက်မှာ အလျင်အမြန် အထိုင်ကျခဲ့တာကြောင့် အာဆင်နယ်တိုက်စစ် သွက်လက်မြူးကြွနေခဲ့ပြီး ဂိုးတွေတရစပ် သွင်းယူသွားခဲ့ပါတယ်။

အာဆင်နယ်အတွက် ဂိုးတွေကို ရမ်ဆေး (၆၊ ၁၉၊ ၇၄ မိနစ်)၊ ကိုစီယဲလ်နီ (၁၄ မိနစ်)နဲ့ အူဘာမီယန်း (၃၇ မိနစ်)တို့ သွင်းယူပေးခဲ့ကြပြီး အဲဗာတန်အတွက် တစ်လုံးတည်းသော ချေပဂိုးကိုတော့ (၆၄)မိနစ်မှာ လူစားဝင်ကစားသမား ကယ်လ်ဗတ်လူဝင်က သွင်းယူခဲ့တာပါ။

မစ်ခီတာရီယန်ဟာ ရမ်ဆေး သွင်းယူတဲ့ အဖွင့်ဂိုး၊ အပိတ်ဂိုးနဲ့ အူဘာမီယန်း သွင်းယူတဲ့ဂိုးတွေကို ဖန်တီးပေးခဲ့ပြီး ၂၀၁၃ မေလက ကာဇိုလာနောက်ပိုင်း အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ် တစ်ပွဲတည်းမှာ ဖန်တီးမှု(၃)ကြိမ်နဲ့အထက် ပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ ရမ်ဆေးကတော့ ပရီးမီးယားလိဂ် ဟက်ထရစ် သွင်းယူနိုင်တဲ့ (၂၀)ဦးမြောက် အာဆင်နယ်ကစားသမား ဖြစ်လာခဲ့ပြီး အာဆင်နယ်က တခြားဘယ်ပရီးမီးယားလိဂ်အသင်းထက်မဆို ဟက်ထရစ်သွင်းယူနိုင်တဲ့ ကစားသမားကို ပိုမိုပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။

■ ပရီးမီးယားလိဂ်ရလဒ်များ
ဘန်လေ ၁-၁ မန်စီးတီး
ဘုန်းမောက် ၂-၁ စတုတ်စီးတီး
ဘရိုက်တန် ၃-၁ ၀က်စ်ဟမ်း
လက်စတာ ၁-၁ ဆွမ်ဆီး
မန်ယူ ၂-၀ ဟတ်ဒါဖီးလ်
ဝက်စ်ဘရွန်း ၂-၃ ဆောက်သမ်တန်
အာဆင်နယ် ၅-၁ အဲဗာတန်

■ လာလီဂါရလဒ်များ
အီဘာ ၅-၁ ဆီဗီလာ
ဘက်တစ် ၂-၁ ဗီလာရီးယဲလ်
အလာဗတ်စ် ၂-၁ ဆယ်လ်တာဗီဂို
လီဗန်တေး ၂-၂ ရီးယဲလ်မက်ဒရစ်

■ စီးရီးအေရလဒ်များ
ဆမ်ဒိုးရီးယား ၁-၁ တိုရီနို
အင်တာမီလန် ၁-၁ ခရိုတိုနီ

■ ဘွန်ဒစ်လီဂါရလဒ်များ
ဟာသာဘာလင် ၁-၁ ဟော်ဖန်ဟင်မ်
ဖရိုင်းဘတ် ၀-၀ လေဗာကူဆင်
ရှော်လ်ကေး ၁-၂ ၀ါဒါဘရီမင်
မိန့်ဇ် ၀-၂ ဘိုင်ယန်မြူးနစ်
ဝုလ်ဖ်ဘတ် ၁-၁ စတုဂတ်
မိုချန်ဂလာဘတ် ၀-၁ လိုက်ပ်ဇစ်

■ ပြင်သစ်လီဂူးရလဒ်များ
လိုင်လီ ၀-၃ PSG
အာမီယန်စ် ၀-၂ စိန့်အက်တီယန်
မောင့်ပယ်လီယာ ၂-၁ အန်ဂါစ်
နိုက်စ် ၀-၁ တူးလူး
စထရာဘိုး ၀-၂ ဘော်ဒိုး

■ လိဂ်ချန်ပီယံရှစ်ရလဒ်များ
အက်စတွန်ဗီလာ ၃-၂ ဘာတန်
ဒါဘီ ၃-၀ ဘရန့်ဖို့ဒ်
ဖူလ်ဟမ် ၂-၀ နော်တင်ဟမ်
လိဒ်စ် ၁-၄ ကာဒစ်ဖ်
နောဝစ်ခ်ျ ၁-၀ မစ်ဒယ်ဘရော့
ပရက်စတန် ၂-၁ ဟားလ်စီးတီး
QPR ၁-၀ ဘန်စလေ
ရက်ဒင်း ၀-၂ မီဝေါလ်
ရှက်ဖီးဝင်းစ်ဒေး ၁-၃ ဘာမင်ဂမ်
ဆန်းဒါးလန်း ၀-၂ အစ်ဝစ်ခ်ျ
ဝုလ်ဗ် ၃-၀ ရှက်ဖီးယူနိုက်တက်

 

Photo: EPA
Photo: Getty Images
Photo: Daily Mail

February 4, 2018














Copy Protected by Chetan's WP-Copyprotect.