■ စံချိန်တင်ကြေးဖြင့် အာဆင်နယ်သို့ အူဘာမီယန်းရောက်ရှိ အာဆင်နယ်မှ ဂျရူးက ချယ်လ်ဆီး၊ ချယ်လ်ဆီးမှ ဘတ်ရှူအာယီကဒေါ့မွန်သို့ ပြောင်းရွှေ့ပြီး (၃)သင်းပတ်လည် အပြောင်းအရွှေ့ဖြစ်ပေါ်

■ စံချိန်တင်ကြေးဖြင့် အာဆင်နယ်သို့ အူဘာမီယန်းရောက်ရှိ အာဆင်နယ်မှ ဂျရူးက ချယ်လ်ဆီး၊ ချယ်လ်ဆီးမှ ဘတ်ရှူအာယီကဒေါ့မွန်သို့ ပြောင်းရွှေ့ပြီး (၃)သင်းပတ်လည် အပြောင်းအရွှေ့ဖြစ်ပေါ်
Published 1 February 2018

Photo: Arsenal FC,Twitter

အာဆင်နယ်အသင်းသည် ဒေါ့မွန်အသင်းထံမှ ဂါဘွန်တိုက်စစ်မှူး အူဘာမီယန်းကို ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၅၆)သန်းဖြင့်ခေါ်ယူခဲ့ကြောင်း သိရှိရသည်။

အာဆင်နယ်အသင်းသည် အူဘာမီယန်း ကို (၃)နှစ်ခွဲစာချုပ်ချုပ်ဆိုခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီ (၃၁)ရက်နေ့က အာဆင်နယ်အသင်းဝတ်စုံဖြင့် အူဘာမီယန်း၏ဓာတ်ပုံများကို ကလပ်အသင်း ဝက်ဘ်ဆိုက်တွင် ဖော်ပြခဲ့သည်။ အာဆင်နယ်အသင်းတွင် အရင်က ပြောင်းရွှေ့ကြေးစံချိန်တင်ထား သူမှာ ပြင်သစ်တိုက်စစ်မှူး လာကာဇက်ဖြစ်ပြီး လိုင်ယွန်အသင်းမှ ပြောင်းရွှေ့ကြေး ပေါင်(၅၂.၇)သန်းဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ယခု အူ ဘာမီယန်းက သူ၏စံချိန်ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။ အူဘာမီယန်းသည် ဒေါ့မွန်အသင်းတွင် (၄)နှစ်ခွဲကြာကစားခဲ့ပြီး ပြိုင်ပွဲစုံ(၂၁၃)ပွဲကစားရာ၌ (၁၄၁)ဂိုးသွင်းယူပေးခဲ့သည်။

အာဆင်နယ်အသင်းက အူဘာမီယန်းအား ခေါ်ယူခဲ့ပြီးနောက် အသင်း၏ ပြင်သစ်တိုက်စစ်မှူး ဂျရူးကို မြို့ခံပြိုင်ဘက် ချယ်လ်ဆီးအသင်းသို့ ပြောင်းရွှေ့ကြေး ပေါင်(၁၈)သန်းဖြင့် ရောင်းချခဲ့ကြောင်း သိရှိရသည်။ မူလက အသက်(၃၁)နှစ်အရွယ် ဂျရူးကို ချယ်လ်ဆီးအသင်းက အငှားစာချုပ်ဖြင့်သာခေါ်ယူရန် စီစဉ်ခဲ့သော်လည်း အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်တွင် ပေါင်(၁၈)သန်းဖြင့် သဘောတူညီမှုရခဲ့ကြောင်း ဗြိတိန်သတင်းစာများ က ဖော်ပြခဲ့ကြသည်။

ချယ်လ်ဆီးအသင်းကလည်း ၎င်းင်းတို့၏ ဘယ်လ်ဂျီယံတိုက်စစ်မှူး ဘတ်ရှူအာယီကို ဒေါ့မွန်အသင်းထံသို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ခွင့်ပြုခဲ့ကြောင်း သိရှိရသည်။ သို့ဖြစ်ရာ အပြောင်းအရွှေ့ေ နာက်ဆုံးနေ့ရက်ဖြစ် သည့် ဇန်နဝါရီ(၃၁)ရက်နေ့တွင် အာဆင်နယ်-ချယ်လ်ဆီး -ဒေါ့မွန်အသင်းများ၏ (၃)ပွင့်ဆိုင်ကစားသမားအပြောင်းအရွှေ့အဖြစ် အူဘာမီယန်း-ဂျရူး-ဘတ်ရှူ အာယီတို့၏ အပြောင်းအရွှေ့များဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

အာဆင်နယ်အသင်းသည် ဒေါ့မွန်ကစားသမားဟောင်းဖြစ်သည့် မစ်ခီတာရီယန်ကို မန်ယူအသင်းထံမှခေါ်ယူထားရာ အူဘာမီယန်းသည် သူ၏ အသင်းဖော်ဟောင်းနှင့် ပြန်လည်ဆုံတွေ့ရမည်ဖြစ်သည်။ အာဆင်နယ်အသင်းနှင့် စာချုပ်ချုပ်ဆိုပြီး နောက် အူဘာမီယန်းက" နောက်ဆုံးမှာတော့ ကျွန်တော် ဒီအသင်းကိုရောက်ရှိလာတဲ့အတွက် အလွန်ပဲ ဝမ်းသာမိပါတယ်။ ကျွန်တော် မီကီ(မစ်ခီတာရီယန်)နဲ့ ဒီအသင်းမှာ ပြန်တွေ့တော့မှာပါ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့အသင်းတစ်သင်းမှာ ကစားခွင့်ရမယ့်အတွက် ကျွန်တော်ပျော်ရွှင်မိပါတယ်။ ဒီအသင်းဟာ ကြီးမားတဲ့သမိုင်းကြောင်းရှိပြီး တိုက်စစ်မှူးတိုင်း စံနမူနာထားရမယ့် အွန်နရီလို ဂန္ထဝင်ကစားသမားတွေ ကစားခဲ့တဲ့အသင်းပါ" ဟု ပြောကြားခဲ့သည်။

 

Most Read

Most Recent