<

■ ဟာဇက်အား ပြိုင်ဘက် မန်စီးတီးထံ အေဘရာမိုဗစ်ခ်ျ ရောင်းမည်မဟုတ်

 

Photos: Sports Mole

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် အသင်း၏ ဘယ်လ်ဂျီယံတောင်ပံကစားသမား ဟာဇက်အား ပရီးမီးယားလိဂ်ပြိုင်ဘက် မန်စီးတီးအသင်းထံ ရောင်းချသွားမည်မဟုတ်ကြောင်း ဗြိတိန်သတင်းစာများက ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်ရက်ပိုင်းကထွက်ပေါ်ခဲ့သောသတင်းများတွင် မန်စီးတီးအသင်းသည် လာမည့်ဇန်န၀ါရီအပြောင်းအရွှေ့ကာလ၌ ဟာဇက်အား ပေါင်သန်း(၁၅၀)ဖြင့်ခေါ်ယူရန် စီစဉ်နေသည်ဟု ဖော်ပြခဲ့သည်။ ဟာဇက်အား စပိန်ကလပ် ရီးယဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူရန်ပစ်မှတ်ထားနေပြီး မန်စီးတီးအသင်းက ရီးယဲလ်အသင်းထက် လက်ဦးမှုရယူသွားမည်ဟု ယင်းသတင်းများတွင် ဖော်ပြခဲ့သည်။

ဟာဇက်သည် ချယ်လ်ဆီးအသင်းနှင့် ၂၀၂၀ ခုနှစ်အထိ သက်တမ်းရှိသည့်ကစားသမားတစ်ဦးဖြစ်ပြီး ချယ်လ်ဆီးအသင်းပိုင်ရှင် အေဘရာမိုဗစ်ခ်ျသည် ဟာဇက်အား ပရီးမီးယားလိဂ်ပြိုင်ဘက်အသင်းများထံ ရောင်း ချရန်ဆန္ဒမရှိဘဲ အကယ်၍ မဖြစ်မနေ ရောင်းချရမည်ဆိုပါက ပြည်ပကလပ်အသင်းတစ်သင်းသင်းထံ ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ဟာဇက်သည် ၂၀၁၂ နွေရာသီတွင် ပြင်သစ်ကလပ် လိုင်လီအသင်းမှ ချယ်လ်ဆီးအသင်းသို့ ရောက်ရှိလာပြီး အသင်းအတွက် ပြိုင်ပွဲစုံ(၂၈၁)ပွဲ ကစားကာ (၈၄)ဂိုးသွင်းယူပေးထားသည်။

January 31, 2018














Copy Protected by Chetan's WP-Copyprotect.