■ ဒဏ်ရာရသည့် ဆာနေး (၆)ပတ် အနားယူရမည်ဟု ဂွါဒီယိုလာ အတည်ပြု

■ ဒဏ်ရာရသည့် ဆာနေး (၆)ပတ် အနားယူရမည်ဟု ဂွါဒီယိုလာ အတည်ပြု
Published 1 February 2018

 

 

 

မန်စီးတီးအသင်း၏ ဂျာမန်တောင်ပံကစားသမား ဆာနေးသည် ပြီးခဲ့သည့် FA ဖလားပွဲစဉ် ကာဒစ်ဖ်နှင့်ပွဲတွင်ရရှိခဲ့သည့်ဒဏ်ရာကြောင့် ရက်သတ္တပတ်(၆)ပတ်ခန့် အနားယူရမည်ဖြစ်ကြောင်း မန်စီးတီးအသင်းနည်းပြ ဂွါဒီ ယိုလာက အတည်ပြုပြောကြားခဲ့သည်။

ဆာနေးသည် ခြေချင်းဝတ်အရွတ်ဒဏ်ရာရရှိသွားခဲ့ခြင်းဖြစ်ပြီး အနားယူရမည့်ရက်ကို အတိအကျမပြောနိုင်သော်လည်း အများဆုံး (၆)ပတ်ခန့်ဖြစ်နိုင်ကြောင်း မန်စီးတီးအသင်းကလည်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဆာနေးအနေဖြင့် ချန်ပီယံလိဂ်ရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ဘေဆယ်အသင်းနှင့်ကစားမည့်(၂)ပွဲစလုံးကို လွဲချော်ဖွယ်ရှိနေကြောင်း သိရှိရသည်။

Most Read

Most Recent