တိုက်စစ်မှူးတစ်ဦးအဖြစ် ဗီလာရောက်ရန် နီးစပ်ခဲ့ဟု ခရစ္စတန်ဆန် ဝန်ခံ

တိုက်စစ်မှူးတစ်ဦးအဖြစ် ဗီလာရောက်ရန် နီးစပ်ခဲ့ဟု ခရစ္စတန်ဆန် ဝန်ခံ
Published 1 February 2018

 

 

ချယ်လ်ဆီးအသင်း၏ ဒိန်းမတ်လက်ရွေးစင်နောက်ခံလူ ခရစ္စတန်ဆန်က မိမိသည် အင်္ဂလန်ကလပ် ဗီလာအသင်းသို့ တိုက်စစ်မှူးတစ်ဦးအဖြစ်ရောက်ရန် အလွန်နီးစပ်သောအနေအထားတွင်ရှိခဲ့သည်ဟု ဝန်ခံပြောကြားခဲ့သည်။

ဒိန်းမတ်ကလပ် ဘရွန်ဘီအသင်းတွင် လူငယ်ကစားသမားအဖြစ်ကစားစဉ်က မိမိသည် တိုက်စစ်မှူးတစ်ဦးအဖြစ်ကစားခဲ့ပြီး ဗီလာအသင်းအပါအဝင် အင်္ဂလန်ကလပ်အသင်း(၄)သင်းက မိမိကိုခေါ်ယူရန် စမ်းသပ်ခဲ့ဖူးသည် ဟု ခရစ္စတန်ဆန်က ပြောကြားခဲ့သည်။

ချယ်လ်ဆီးအသင်းသို့ ၂၀၁၂ ခုနှစ်က လူငယ်ကစားသမားအဖြစ်ရောက်ရှိလာသော ခရစ္စတန်ဆန်(၂၁ နှစ်)ကို လီဗာပူးလ်၊ အာဆင်နယ်အသင်းတို့ကလည်း ခေါ်ယူရန်ကြိုးပမ်းခဲ့ဖူးသည်။

Most Read

Most Recent